ျမန္မာႏိုင္ငံမွာ ကုလသမဂၢ ယႏၱယားစနစ္ မေအာင္ျမင္ေၾကာင္း အစီရင္ခံစာ ေဖာ္ျပ

0
190

ရခိုင္ျပည္နယ္မွာ ၂၀၁၇ ခုႏွစ္ နယ္ေျမရွင္းလင္းေရးေတြ မလုပ္ခင္ အေျခအေနေတြကို ကိုင္တြယ္ရာမွာ ကုလသမဂၢရဲ႕ ယႏၱယားစနစ္ မေအာင္ျမင္ ျဖစ္ခဲ့ေၾကာင္း ဌာနတြင္း စံုစမ္းစစ္ေဆးေရး အစီရင္ခံစာက ေဖာ္ျပလိုက္ပါတယ္။

ယႏၱယားစနစ္ မေအာင္ျမင္ခဲ့တာဟာ ညီညြတ္တဲ့ဗ်ဴဟာ မရွိျခင္းနဲ႔ ကုလသမဂၢ လံုၿခံဳေရးေကာင္စီရဲ႕ ေထာက္ခံမႈ မရရွိျခင္းေတြေၾကာင့္ ျဖစ္တယ္လို႔ ဂြာတီမာလာ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း၊ ကုလသမဂၢဆိုင္ရာ သံအမတ္ႀကီး ဂတ္ ႐ုိဆန္သယ္ရဲ႕ စာမ်က္ႏွာ ၃၄ မ်က္ႏွာပါ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

အေရးယူ လုပ္ေဆာင္ဖို႔ ပံုမွန္ အေျခအေနထက္  အားနည္းတဲ့ဗ်ဴဟာေၾကာင့္ ကုလသမဂၢရဲ႕ ယႏၱရားစနစ္မွာ အခြင့္အေရးေတြ ဆံုး႐ံႈးခဲ့ၿပီး ဆိုးရြားတဲ့အမွားေတြ လုပ္ခဲ့မိတယ္ဆိုတာ ေမးခြန္းထုတ္စရာ မလိုေၾကာင္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ၿခံဳငံုၿပီး တာဝန္ရွိမႈကို ေျပာရရင္ စုေပါင္းလုပ္ေဆာင္မႈရဲ႕ သြင္ျပင္ျဖစ္ေၾကာင္း၊ တနည္းအားျဖင့္ ကုလသမဂၢရဲ႕ ယႏၱယားစနစ္ က်ဆံုးမႈလို႔ သတ္မွတ္ ေဖာ္ျပႏိုင္ေၾကာင္းလည္း အစီရင္ခံစာက ေထာက္ျပထားပါတယ္။

ျမန္မာနဲ႔ ပိုၿပီး အားေကာင္းတဲ့ လူထုခ်ဥ္းကပ္မႈမ်ိဳး လုပ္မလား၊ ဒါမွမဟုတ္ သံတမန္ လမ္းေၾကာင္းကေန တိတ္ဆိတ္စြာ ေဆာင္ရြက္မလားဆိုတာကို အေမရိကန္ႏိုင္ငံ၊ နယူးေယာ့ခ္ၿမိဳ႕မွာ ရွိတဲ့ ကုလသမဂၢ အဆင့္ျမင့္အရာရွိေတြဟာ သေဘာတူညီမႈ မရႏိုင္ခဲ့ေၾကာင္းနဲ႔ ေျမျပင္ကြင္းဆင္းၿပီး ကုလသမဂၢ ဌာနခ်ဳပ္ကို ေပးပို႔တဲ့ အေျခအေန ေဖာ္ျပခ်က္ အစီရင္ခံစာေတြကလည္း ကြဲလြဲမႈေတြ ရွိေနေၾကာင္း အစီရင္ခံစာက ေဖာ္ျပပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေးတွေ မလုပ်ခင် အခြေအနေတွေကို ကိုင်တွယ်ရာမှာ ကုလသမဂ္ဂရဲ့ ယန္တယားစနစ် မအောင်မြင် ဖြစ်ခဲ့ကြောင်း ဌာနတွင်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

ယန္တယားစနစ် မအောင်မြင်ခဲ့တာဟာ ညီညွတ်တဲ့ဗျူဟာ မရှိခြင်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှု မရရှိခြင်းတွေကြောင့် ဖြစ်တယ်လို့ ဂွာတီမာလာ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဂတ် ရိုဆန်သယ်ရဲ့ စာမျက်နှာ ၃၄ မျက်နှာပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အရေးယူ လုပ်ဆောင်ဖို့ ပုံမှန် အခြေအနေထက်  အားနည်းတဲ့ဗျူဟာကြောင့် ကုလသမဂ္ဂရဲ့ ယန္တရားစနစ်မှာ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ပြီး ဆိုးရွားတဲ့အမှားတွေ လုပ်ခဲ့မိတယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ခြုံငုံပြီး တာဝန်ရှိမှုကို ပြောရရင် စုပေါင်းလုပ်ဆောင်မှုရဲ့ သွင်ပြင်ဖြစ်ကြောင်း၊ တနည်းအားဖြင့် ကုလသမဂ္ဂရဲ့ ယန္တယားစနစ် ကျဆုံးမှုလို့ သတ်မှတ် ဖော်ပြနိုင်ကြောင်းလည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။

မြန်မာနဲ့ ပိုပြီး အားကောင်းတဲ့ လူထုချဉ်းကပ်မှုမျိုး လုပ်မလား၊ ဒါမှမဟုတ် သံတမန် လမ်းကြောင်းကနေ တိတ်ဆိတ်စွာ ဆောင်ရွက်မလားဆိုတာကို အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့မှာ ရှိတဲ့ ကုလသမဂ္ဂ အဆင့်မြင့်အရာရှိတွေဟာ သဘောတူညီမှု မရနိုင်ခဲ့ကြောင်းနဲ့ မြေပြင်ကွင်းဆင်းပြီး ကုလသမဂ္ဂ ဌာနချုပ်ကို ပေးပို့တဲ့ အခြေအနေ ဖော်ပြချက် အစီရင်ခံစာတွေကလည်း ကွဲလွဲမှုတွေ ရှိနေကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။