ျမန္မာႏိုင္ငံက ဝက္တင္သြင္းခြင့္ ထိုင္းက ရက္ ၉၀ ပိတ္ပင္

0
108

ျမန္မာႏိုင္ငံမွာ အာဖရိက ဝက္တုပ္ေကြး ျဖစ္ပြားမႈ ပထမဆံုး ေတြ႔ရွိၿပီးေနာက္ ထိုင္းႏိုင္ငံ ေမြးျမဴေရးဌာနက ျမန္မာႏုိင္ငံကေန ဝက္တင္သြင္းခြင့္ကို ရက္ ၉၀ ၾကာ ပိတ္ပင္လိုက္ပါတယ္။

အာဖရိက ဝက္တုပ္ေကြး ျဖစ္ပြားမႈ ထိုင္းႏိုင္ငံကို မကူးစက္ေစဖို႔ ျမန္မာႏိုင္ငံက ဝက္အရွင္၊ ေတာဝက္နဲ႔ ဝက္သားနဲ႔ပတ္သက္တဲ့ ထုတ္ကုန္ေတြကို လာမယ့္ သီတင္းပတ္ကစၿပီး ပိတ္ပင္မွာ ျဖစ္ပါတယ္။ အလားတူ လာအိုႏုိင္ငံကေန ဝက္တင္သြင္းခြင့္ကိုေတာ့ ၿပီးခဲ့တဲ့ ဇြန္လကပဲ လုပ္ေဆာင္ခဲ့ၿပီး ျဖစ္ပါတယ္။

ေမြးျမဴေရး ဝက္အမ်ားအျပားကို ေသေစႏိုင္တဲ့ အဲဒီ ေရာဂါဟာ ထိုင္းႏိုင္ငံမွာေတာ့ ျဖစ္ပြားတာ မေတြ႔ရွိရေသးလို႔ ေမြးျမဴေရးလုပ္ငန္း ဖြံ႔ၿဖိဳးေရးဌာန အေထြေထြ ညႊန္ၾကားေရးမွဴး ဆိုရာဝစ္ သာနီတိုက ေျပာပါတယ္။ ျမန္မာႏိုင္ငံက ဝက္တင္သြင္းမႈကို တ႐ုတ္ႏိုင္ငံကလည္း ၿပီးခဲ့တဲ့ရက္က ပိတ္ပင္လိုက္ပါတယ္။ ျမန္မာခရီးသြားေတြ ဝက္နဲ႔ ဆက္စပ္တဲ့ ထုတ္ကုန္ေတြ သယ္လာရင္ ဒဏ္ေငြ ဒဏ္ေငြ အေမရိကန္ေဒၚလာ ၆၃၁၂ ေဒၚလာ ႐ိုက္မယ္လို႔ ထိုင္ဝမ္ကလည္း ေၾကညာထားပါတယ္။

မြန်မာနိုင်ငံက ဝက်တင်သွင်းခွင့် ထိုင်းက ရက် ၉၀ ပိတ်ပင်


မြန်မာနိုင်ငံမှာ အာဖရိက ဝက်တုပ်ကွေး ဖြစ်ပွားမှု ပထမဆုံး တွေ့ရှိပြီးနောက် ထိုင်းနိုင်ငံ မွေးမြူရေးဌာနက မြန်မာနိုင်ငံကနေ ဝက်တင်သွင်းခွင့်ကို ရက် ၉၀ ကြာ ပိတ်ပင်လိုက်ပါတယ်။


အာဖရိက ဝက်တုပ်ကွေး ဖြစ်ပွားမှု ထိုင်းနိုင်ငံကို မကူးစက်စေဖို့ မြန်မာနိုင်ငံက ဝက်အရှင်၊ တောဝက်နဲ့ ဝက်သားနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေကို လာမယ့် သီတင်းပတ်ကစပြီး ပိတ်ပင်မှာ ဖြစ်ပါတယ်။ အလားတူ လာအိုနိုင်ငံကနေ ဝက်တင်သွင်းခွင့်ကိုတော့ ပြီးခဲ့တဲ့ ဇွန်လကပဲ လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။


မွေးမြူရေး ဝက်အများအပြားကို သေစေနိုင်တဲ့ အဲဒီ ရောဂါဟာ ထိုင်းနိုင်ငံမှာတော့ ဖြစ်ပွားတာ မတွေ့ရှိရသေးလို့ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရေးဌာန အထွေထွေ ညွှန်ကြားရေးမှူး ဆိုရာဝစ် သာနီတိုက ပြောပါတယ်။ မြန်မာနိုင်ငံက ဝက်တင်သွင်းမှုကို တရုတ်နိုင်ငံကလည်း ပြီးခဲ့တဲ့ရက်က ပိတ်ပင်လိုက်ပါတယ်။ မြန်မာခရီးသွားတွေ ဝက်နဲ့ ဆက်စပ်တဲ့ ထုတ်ကုန်တွေ သယ်လာရင် ဒဏ်ငွေ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၆၃၁၂ ဒေါ်လာ ရိုက်မယ်လို့ ထိုင်ဝမ်ကလည်း ကြေညာထားပါတယ်။