ျမန္မာ၊ အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံက သဘာဝေဘးဒဏ္ ခံရသူေတြကို စာနာေၾကာင္း အီရန္ ေျပာ

0
66

ေရႀကီးမႈ၊ ေျမၿပိဳမႈနဲ႔ မုန္တိုင္းဒဏ္ေတြေၾကာင့္ ျမန္မာႏိုင္ငံ၊ အိႏၵိယႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံတို႔မွာ အသက္ဆံုး႐ံႈးမႈ၊ ထိခိုက္ပ်က္စီးမႈေတြကို အလြန္ စာနာေၾကာင္း အီရန္ အစိုးရက ေျပာပါတယ္။

ျပင္းထန္တဲ့ ေရႀကီး ေျမၿပိဳမႈေတြေၾကာင့္ အသက္ဆံုး႐ံႈးရမႈနဲ႔ ထိခိုက္ပ်က္စီးမႈေတြအတြက္ အလြန္ ဝမ္းနည္းေၾကာင္း၊ သဘာဝေဘးဒဏ္ ခံရသူေတြနဲ႔ သက္ဆိုင္ရာ အစိုးရေတြကိုလည္း စာနာေၾကာင္း ၾသဂုတ္လ ၁၃ ရက္ေန႔မွာ အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရွိသူ အဘတ္စ္ မိုဆာဗီက ေျပာပါတယ္။   

ျမန္မာႏိုင္ငံမွာ မုတ္သုန္ရာသီအတြင္း မိုးႀကီး ေျမၿပိဳမႈေၾကာင့္ လူ ၅၉ ဦး ေသဆံုးၿပီး လူ သိန္းနဲ႔ခ်ီကာ ေရႊ႕ေျပာင္းခဲ့ရပါတယ္။ အိႏၵိယႏိုင္ငံ၊ ကာနတ္ကာတာ၊ ကယ္ရာလာနဲ႔ မာဟာရာရွထရာ ျပည္နယ္တို႔မွာ ေရႀကီးမႈေၾကာင့္ ေသဆံုးသူ ၁၅၀ ခန္႔ ရွိပါတယ္။ တ႐ုတ္ႏိုင္ငံမွာေတာ့ ေလကီမာ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ ေက်က်ိယန္ ျပည္နယ္မွာ လူဒါဇင္နဲ႔ခ်ီ ေသဆံုးၿပီး လူ တစ္သန္းေက်ာ္ ေဘးလြတ္ရာကို ေရႊ႕ေျပာင္းခဲ့ရပါတယ္။ 

မြန်မာ၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံက သဘာဝဘေးဒဏ် ခံရသူတွေကို စာနာကြောင်း အီရန် ပြော


ရေကြီးမှု၊ မြေပြိုမှုနဲ့ မုန်တိုင်းဒဏ်တွေကြောင့် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာ အသက်ဆုံးရှုံးမှု၊ ထိခိုက်ပျက်စီးမှုတွေကို အလွန် စာနာကြောင်း အီရန် အစိုးရက ပြောပါတယ်။


ပြင်းထန်တဲ့ ရေကြီး မြေပြိုမှုတွေကြောင့် အသက်ဆုံးရှုံးရမှုနဲ့ ထိခိုက်ပျက်စီးမှုတွေအတွက် အလွန် ဝမ်းနည်းကြောင်း၊ သဘာဝဘေးဒဏ် ခံရသူတွေနဲ့ သက်ဆိုင်ရာ အစိုးရတွေကိုလည်း စာနာကြောင်း သြဂုတ်လ ၁၃ ရက်နေ့မှာ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ အဘတ်စ် မိုဆာဗီက ပြောပါတယ်။


မြန်မာနိုင်ငံမှာ မုတ်သုန်ရာသီအတွင်း မိုးကြီး မြေပြိုမှုကြောင့် လူ ၅၉ ဦး သေဆုံးပြီး လူ သိန်းနဲ့ချီကာ ရွှေ့ပြောင်းခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံ၊ ကာနတ်ကာတာ၊ ကယ်ရာလာနဲ့ မာဟာရာရှထရာ ပြည်နယ်တို့မှာ ရေကြီးမှုကြောင့် သေဆုံးသူ ၁၅၀ ခန့် ရှိပါတယ်။ တရုတ်နိုင်ငံမှာတော့ လေကီမာ တိုင်ဖွန်းမုန်တိုင်းကြောင့် ကျေကျိယန် ပြည်နယ်မှာ လူဒါဇင်နဲ့ချီ သေဆုံးပြီး လူ တစ်သန်းကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။