
0
60




မြန်မာ့ စွမ်းအင်ကဏ္ဍမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုတယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

မြန်မာ့ စွမ်းအင်ကဏ္ဍမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။


တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပေါ် လာစေဖို့အတွက် သြဂုတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ မြန်မာ – ဂျပန် – အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အခုလို ပြောကြားခဲ့တာပါ။


လက်ရှိ သီလဝါ အထူးစီးပွားရေးဇုန်မှာ ကုမ္ပဏီပေါင်း ၁၀၈ ခု ရင်းနှီးမြှုပ်နှံနေပြီး ကုမ္ပဏီ ထက်ဝက်ကျော်မှာ ဂျပန်ကုမ္ပဏီများ ဖြစ်ကြောင်းနဲ့ ဂျပန်နိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ ဆူဇူကီးနဲ့ တိုယိုတာတို့အပြင် Yakult Probiotic drink လုပ်ငန်းလည်း ပါဝင်ကြောင်း၊ အခုလို မြန်မာ့စွမ်းအင်ကဏ္ဍမှာ ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။