ျမန္မာ့လက္ေရြးစင္ အသင္း ကာဂ်စၥတန္ကို ၇ ဂိုးျပတ္နဲ႔ ႐ံႈးနိမ့္

0
54

၂၀၂၂ ကာတာ ကမာၻ႔ဖလား ေျခစစ္ပြဲအတြက္ ျမန္မာ့လက္ေရြးစင္အသင္းနဲ႔ ကာဂ်စၥတန္ လက္ေရြးစင္အသင္းတို႔ ေအာက္တုိဘာလ ၁၀ ရက္ေန႔က တာဂ်စၥတန္ ႏိုင္ငံ၊ အစ္ရွ္ကက္ၿမိဳ႕မွာ ယွဥ္ၿပိဳင္ကစားခဲ့ရာ ျမန္မာ့လက္ေရြးစင္ အသင္းက ၇ ဂိုးျပတ္နဲ႔ ႐ံႈးနိမ့္သြားပါတယ္။

ကာဂ်စၥတန္အတြက္ အႏိုင္ဂိုးေတြကို အက္ဂါက ၃ ဂိုး၊ အလီမာဒြန္က ၂ ဂိုး၊ အလီကူေလာ့ဗ္နဲ႔ ဗာလီရီကတို႔က ၁ ဂိုးစီ သြင္းယူခဲ့တာ ျဖစ္ပါတယ္။ ျမန္မာအသင္းက ခံစစ္မွာ အားနည္းၿပီး တာဂ်စၥတန္ကို ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ အုပ္စု (F) မွာ ျမန္မာအသင္းဟာ သံုးပြဲစလံုး ႐ံႈးနိမ့္ၿပီး ဇယားေအာက္ဆံုးမွာ ေရာက္ရွိေနပါတယ္။

၂၀၁၉ အာရွဖလား တတိယအဆင့္ ေျခစစ္ပြဲမွာ ကာဂ်စၥတန္အသင္းကို အႏိုင္ယူခဲ့တဲ့ တိုက္စစ္မွဴး ေက်ာ္ကိုကို၊ ေမာင္ေမာင္လြင္နဲ႔ ဟိန္းသီဟေဇာ္တို႔ ဒဏ္ရာေၾကာင့္ အခုပြဲကို လြဲေခ်ာ္ခဲ့ပါတယ္။

မြန်မာ့လက်ရွေးစင် အသင်း ကာဂျစ္စတန်ကို ၇ ဂိုးပြတ်နဲ့ ရှုံးနိမ့်

၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကာဂျစ္စတန် လက်ရွေးစင်အသင်းတို့ အောက်တိုဘာလ ၁၀ ရက်နေ့က တာဂျစ္စတန် နိုင်ငံ၊ အစ်ရှ်ကက်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် အသင်းက ၇ ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားပါတယ်။

ကာဂျစ္စတန်အတွက် အနိုင်ဂိုးတွေကို အက်ဂါက ၃ ဂိုး၊ အလီမာဒွန်က ၂ ဂိုး၊ အလီကူလော့ဗ်နဲ့ ဗာလီရီကတို့က ၁ ဂိုးစီ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာအသင်းက ခံစစ်မှာ အားနည်းပြီး တာဂျစ္စတန်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ အုပ်စု (F) မှာ မြန်မာအသင်းဟာ သုံးပွဲစလုံး ရှုံးနိမ့်ပြီး ဇယားအောက်ဆုံးမှာ ရောက်ရှိနေပါတယ်။

၂၀၁၉ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲမှာ ကာဂျစ္စတန်အသင်းကို အနိုင်ယူခဲ့တဲ့ တိုက်စစ်မှူး ကျော်ကိုကို၊ မောင်မောင်လွင်နဲ့ ဟိန်းသီဟဇော်တို့ ဒဏ်ရာကြောင့် အခုပွဲကို လွဲချော်ခဲ့ပါတယ်။