ျမန္မာ့ယဥ္ေက်းမႈကို ေလးစာလိုက္နာဖို႔ လမ္းညႊန္စာေစာင္ MCRB ထုတ္ေဝ

0
29

စီးပြားေရး လုပ္ငန္းေတြ၊ အရပ္ဖက္ လူ႔အဖြဲ႔အစည္းေတြနဲ႔ အစိုးရဌာနေတြၾကားမွာ လုပ္ငန္းခြင္အတြင္း ျမန္မာ့ယဥ္ေက်းမႈကို ေလးစာလိုက္နာဖို႔ လမ္းညႊန္စာေစာင္ကို ျမန္မာ့စီးပြားေရးက႑ တာဝန္ယူမႈရွိေရး အေထာက္အကူျပဳဌာန (MCRB) က စက္တင္ဘာလ ၅ ရက္ေန႔မွာ ထုတ္ေဝထားပါတယ္။

ေဝးလံေခါင္ဖ်ားတဲ႔ တိုင္းရင္းသားေဒသေတြမွာ သြားေရာက္ လုပ္ကိုင္ၾကမယ့္ ႏိုင္ငံျခားသားေတြ၊ ျပည္တြင္းက ဝန္ထမ္းေတြအေနနဲ႔ ေဒသဆိုင္ရာ က်င့္ဝတ္၊ စည္းကမ္းေတြကို ေဒသခံ လူထုနဲ႔ တိုင္ပင္ေဆြးေႏြးဖို႔ လိုတယ္လို႔ အႀကံျပဳထားၿပီး၊ ေဒသအတြင္းရွိ လူထုရဲ႕ ႐ိုးရာဓေလ့ထုံးတမ္းအရ ေျမယာအသုံးခ်မႈ အပါအဝင္ အျခား အခြင့္အေရးေတြနဲ႔ ယဥ္ေက်းမႈ အေလ့အထေတြကို ေလးစားလိုက္နာေစဖို႔ ၾကပ္မတ္ လုပ္ေဆာင္သင့္တယ္လို႔ ေဖာ္ျပထားပါတယ္။

ေဒသခံေတြနဲ႔ ေျပာဆိုဆက္ႏိုင္ဖို႔ ေဒသခံစကား အေျခခံသင္ၾကားဖို႔၊ ေဒသခံေတြရဲ႕ ယဥ္ေက်းမႈနဲ႔ မကိုက္ညီတဲ႔ ျပဳမႈေဆာင္ရြက္ခ်က္၊ မေလးမစားျပဳလုပ္ျခင္းကို ေရွာင္ဖို႔၊ တစ္စုံတစ္ခုကို ညႊန္ျပရာမွာ ေျခေထာက္နဲ႔ ညႊန္ျပျခင္း မလုပ္ဖို႔ စတဲ့အခ်က္ေတြကို စီးပြားေရးလုပ္ငန္း လုပ္ကိုင္သူေတြ သိရွိႏိုင္ဖို႔ ေဖာ္ျပထားပါတယ္။ MCRB ကို ယူေက၊ ေနာ္ေဝ၊ ဆြစ္ဇာလန္၊ နယ္သာလန္နဲ႔ အိုင္ယာလန္ အစိုးရတို႔ရဲ႕ ရန္ပုံေငြနဲ႔ ၂၀၁၃ ခုႏွစ္က စတင္ တည္ေထာင္ခဲ႔တာ ျဖစ္ပါတယ္။

မြန်မာ့ယဉ်ကျေးမှုကို လေးစာလိုက်နာဖို့ လမ်းညွှန်စာစောင် MCRB ထုတ်ဝေ


စီးပွားရေး လုပ်ငန်းတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ အစိုးရဌာနတွေကြားမှာ လုပ်ငန်းခွင်အတွင်း မြန်မာ့ယဉ်ကျေးမှုကို လေးစာလိုက်နာဖို့ လမ်းညွှန်စာစောင်ကို မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က စက်တင်ဘာလ ၅ ရက်နေ့မှာ ထုတ်ဝေထားပါတယ်။


ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသားဒေသတွေမှာ သွားရောက် လုပ်ကိုင်ကြမယ့် နိုင်ငံခြားသားတွေ၊ ပြည်တွင်းက ဝန်ထမ်းတွေအနေနဲ့ ဒေသဆိုင်ရာ ကျင့်ဝတ်၊ စည်းကမ်းတွေကို ဒေသခံ လူထုနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုတယ်လို့ အကြံပြုထားပြီး၊ ဒေသအတွင်းရှိ လူထုရဲ့ ရိုးရာဓလေ့ထုံးတမ်းအရ မြေယာအသုံးချမှု အပါအဝင် အခြား အခွင့်အရေးတွေနဲ့ ယဉ်ကျေးမှု အလေ့အထတွေကို လေးစားလိုက်နာစေဖို့ ကြပ်မတ် လုပ်ဆောင်သင့်တယ်လို့ ဖော်ပြထားပါတယ်။


ဒေသခံတွေနဲ့ ပြောဆိုဆက်နိုင်ဖို့ ဒေသခံစကား အခြေခံသင်ကြားဖို့၊ ဒေသခံတွေရဲ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီတဲ့ ပြုမှုဆောင်ရွက်ချက်၊ မလေးမစားပြုလုပ်ခြင်းကို ရှောင်ဖို့၊ တစ်စုံတစ်ခုကို ညွှန်ပြရာမှာ ခြေထောက်နဲ့ ညွှန်ပြခြင်း မလုပ်ဖို့ စတဲ့အချက်တွေကို စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေ သိရှိနိုင်ဖို့ ဖော်ပြထားပါတယ်။ MCRB ကို ယူကေ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ နယ်သာလန်နဲ့ အိုင်ယာလန် အစိုးရတို့ရဲ့ ရန်ပုံငွေနဲ့ ၂၀၁၃ ခုနှစ်က စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။