မြန်မာ့ပင်လယ်ပြင် သယံဇာတတွေ ထိန်းသိမ်းဖို့ ဒေသဆိုင်ရာအစိုးရအဖွဲ့ကို အုပ်ချုပ်ခွင့်ပေးဖို့လို

0
285


မြန်မာ့ပင်လယ်ပြင် သယံဇာတတွေ ထိန်းသိမ်းဖို့ ဒေသဆိုင်ရာအစိုးရအဖွဲ့ကို အုပ်ချုပ်ခွင့်ပေးဖို့ လိုအပ်တယ်လို့

စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ကပြောဆို လိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက်ကေသွယ် ကပေးပို့ထားပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ တရားမ၀င်ငါးခိုးဖမ်းမှုတွေ ပပျောက်ဖို့အတွက် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်က ကျွန်းတွေကို စီမံခန့်ခွဲပိုင်ခွင့်နဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ခွင့်ပေးဖို့ လိုအပ်တဲ့ အတွက် လွှတ်တော်မှာတင်ပြသွားမယ်လို့ စိုက်ပျိုးရေးမွေးမြုရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက ပြောဆိုလိုက်ပါတယ် ။
ဇူလိုင် ၂၃ ရက်နဲ့၂၄ရက်နေ့တွေက ရန်ကုန်မြို့ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတောင်သူ လယ်သမား ညီလာခံမှာ ဒေါက်တာခွန်ဝင်းသောင်းက အခုလိုပြောဆိုခဲ့တာပါ ။

လက်ရှိ မြန်မာ့ရေပိုက်နက်ဟာ လုံခြုံရေးတွေအားနည်းနေပြီး တရားမ၀င် ငါးခိုးဖမ်းတာတွေ ဖြစ်ပေါ်နေတာ ကြောင့် ဥပဒေတစ်ရပ် အမြန်ဆုံး ပြဌာန်းပြီး ကာကွယ်တားဆီးဖို့ လိုအပ်နေတာပါ။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ရေလုပ်သားတွေ စုပေါင်းပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကိုလည်း အမြန်ဆုံး ဖွဲ့စည်းနိုင်ဖို့လိုအပ်တယ်လို့လည်း ပြောပါတယ်။

၂ ရက်ကြာကျင်းပတဲ့ နိုင်ငံတော်အဆင့် တောင်သူလယ်သမားညီလာခံကို စိုက်ပျိုးရေးမွေးမြူရေးနဲ့ ရေလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး၊ အလုပ်သမားသမဂ္ဂတွေအပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားကိုယ်စားလှယ်တွေ တက် ရောက် ဆွေးနွေးခဲ့ကြပါတယ်။