ျမန္မာ့တပ္မေတာ္ အားကစား အဖြဲ႔ တ႐ုတ္ျပည္သူ႔ သမၼတ ႏုိင္ငံကုိ ထြက္ခြာ

0
62

တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ၊  ဝူဟန္ၿမိဳ႕မွာက်င္းပမယ့္ (၇)ႀကိမ္ေျမာက္ အျပည္ျပည္ဆုိင္ရာ တပ္မေတာ္ အားကစားၿပိဳင္ပြဲကုိ  ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)က ဗိုလ္ခ်ဳပ္ ဇင္မင္းထက္ ဦးေဆာင္တဲ့  ျမန္မာ့ တပ္မေတာ္ အားကစား အဖြဲ႕ဟာ ေအာက္တုိဘာလ ၁၅ ရက္ေန႔ မနက္ပုိင္းက ရန္ကုန္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္ကေန  တ႐ုတ္ျပည္သူ႔ သမၼတ ႏုိင္ငံကုိ ထြက္ခြာ သြားပါတယ္။

အျပည္ျပည္ဆုိင္ရာ တပ္မေတာ္ အားကစားၿပိဳင္ပြဲကို အားကစားနည္း (၂၉)မ်ဳိးနဲ႔  ေအာက္တိုဘာ ၁၈ ရက္ေန႔ ကေန ၂၇ ရက္ ေန႔ထိက်င္းပမွာျဖစ္ၿပီး ႏုိင္ငံေပါင္း ၁၃၇ ႏုိင္ငံက တပ္မေတာ္သား အားကစားသမားေတြ ဝင္ေရာက္ ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။

အဲဒီ  အားကစားၿပိဳင္ပြဲကုိ  ျမန္မာ့ တပ္မေတာ္ အားကစားအဖြဲ႕က ဂ်ဴဒုိ၊ လက္ေ၀ွ႔၊ ေျပးခုန္ပစ္နဲ႔   ေသနတ္ပစ္ အားကစားနည္း ေလးမ်ဳိးနဲ႔ ၀င္ေရာက္ ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ျမန္မာ့တပ္မေတာ္ အားကစား အဖြဲ႕မွာ နည္းျပ ရွစ္ဦး၊ အားကစားသမား ၄၄ ဦး၊ အုပ္ခ်ဳပ္မႈအဖြဲ႕၀င္ ၁၄ ဦး စုစုေပါင္း ၆၆ ဦး သြားေရာက္ၾကတာ ျဖစ္ပါတယ္။

မြန်မာ့တပ်မတော် အားကစား အဖွဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို ထွက်ခွာ


တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှာကျင်းပမယ့် (၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ တပ်မတော် အားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်တဲ့ မြန်မာ့ တပ်မတော် အားကစား အဖွဲ့ဟာ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို ထွက်ခွာ သွားပါတယ်။


အပြည်ပြည်ဆိုင်ရာ တပ်မတော် အားကစားပြိုင်ပွဲကို အားကစားနည်း (၂၉)မျိုးနဲ့ အောက်တိုဘာ ၁၈ ရက်နေ့ ကနေ ၂၇ ရက် နေ့ထိကျင်းပမှာဖြစ်ပြီး နိုင်ငံပေါင်း ၁၃၇ နိုင်ငံက တပ်မတော်သား အားကစားသမားတွေ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။


အဲဒီ အားကစားပြိုင်ပွဲကို မြန်မာ့ တပ်မတော် အားကစားအဖွဲ့က ဂျူဒို၊ လက်ဝှေ့၊ ပြေးခုန်ပစ်နဲ့ သေနတ်ပစ် အားကစားနည်း လေးမျိုးနဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာ့တပ်မတော် အားကစား အဖွဲ့မှာ နည်းပြ ရှစ်ဦး၊ အားကစားသမား ၄၄ ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင် ၁၄ ဦး စုစုပေါင်း ၆၆ ဦး သွားရောက်ကြတာ ဖြစ်ပါတယ်။