ျမန္မာေရတပ္က အေမရိကန္နဲ႔ အာဆီယံ ေရတပ္ေတြ စစ္ေရးေလ့က်င့္မႈမွာ ပါဝင္မယ္

0
41

အေမရိကန္နဲ႔ အာဆီယံႏိုင္ငံက ေရတပ္ေတြ ပူးေပါင္း စစ္ေရးေလ့က်င့္မႈမွာ ျမန္မာေရတပ္ဟာ ပထမဆံုးအႀကိမ္အျဖစ္ ပါဝင္မွာ ျဖစ္ပါတယ္။

ျမန္မာေရတပ္က ဖရီးဂိတ္ စစ္ေရယာဥ္ F12 UMS က်န္စစ္သားနဲ႔ ငါးရက္ၾကာ ေရေၾကာင္း စစ္ေရးေလ့က်င့္မႈမွာ ပါဝင္မွာ ျဖစ္တယ္လို႔ စစ္ေရးသတင္းေတြ ေဖာ္ျပတဲ့ ဂ်ိမ္းစ္ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

ေရေၾကာင္း စစ္ေရးေလ့က်င့္မႈကို စက္တင္ဘာလ ပထမအပတ္မွာ စတင္မွာျဖစ္ၿပီး ဒီစစ္ေရးေလ့က်င့္မႈကို အေမရိကန္နဲ႔ ထိုင္းတို႔က ပူးတြဲ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။ စစ္ေရးေလ့က်င့္မႈကို ထိုင္းႏိုင္ငံ၊ ခြ်န္ဘူရီ အေရွ႕ပိုင္းရွိ ဆတ္တာဟစ္ ထိုင္းေရတပ္ အေျခစိုက္စခန္းက စတင္မွာျဖစ္ၿပီး ဗီယက္နမ္ႏိုင္ငံ ေတာင္ဘက္ဖ်ား ကာမူအထိ ခ်ီတက္ေလ့က်င့္ၾကမွာ ျဖစ္ပါတယ္။

မြန်မာရေတပ်က အမေရိကန်နဲ့ အာဆီယံ ရေတပ်တွေ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မယ်


အမေရိကန်နဲ့ အာဆီယံနိုင်ငံက ရေတပ်တွေ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုမှာ မြန်မာရေတပ်ဟာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။


မြန်မာရေတပ်က ဖရီးဂိတ် စစ်ရေယာဉ် F12 UMS ကျန်စစ်သားနဲ့ ငါးရက်ကြာ ရေကြောင်း စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်မှာ ဖြစ်တယ်လို့ စစ်ရေးသတင်းတွေ ဖော်ပြတဲ့ ဂျိမ်းစ် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


ရေကြောင်း စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလ ပထမအပတ်မှာ စတင်မှာဖြစ်ပြီး ဒီစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ ထိုင်းတို့က ပူးတွဲ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံ၊ ချွန်ဘူရီ အရှေ့ပိုင်းရှိ ဆတ်တာဟစ် ထိုင်းရေတပ် အခြေစိုက်စခန်းက စတင်မှာဖြစ်ပြီး ဗီယက်နမ်နိုင်ငံ တောင်ဘက်ဖျား ကာမူအထိ ချီတက်လေ့ကျင့်ကြမှာ ဖြစ်ပါတယ်။