ျမန္မာေရတပ္ကို အိႏၵိယက ေရငုပ္သေဘၤာ လႊဲေျပာင္းေပးမယ္

0
111

ကီလို အမ်ိဳးအစား ေရငုပ္သေဘၤာတစ္စီးကို ျပန္လည္ ျပဳျပင္မြန္းမံၿပီးေနာက္ ျမန္မာေရတပ္ကို လႊဲေျပာင္းေပးဖို႔ ျပင္ဆင္ေနေၾကာင္း အိႏၵိယက ေျပာပါတယ္။

INS ဆင္ဒူဗီရာ ေရငုပ္သေဘၤာဟာ လာမယ့္ႏွစ္ေတြမွာ ေရငုပ္သေဘၤာ ပိုင္ဆိုင္ဖို႔ ႀကိဳးစားေနတဲ့ ျမန္မာေရတပ္အတြက္ ေလ့က်င့္ေစႏိုင္ဖို႔ ရည္ရြယ္ပါတယ္။ ကီလို အမ်ိဳးအစား ေရငုပ္သေဘၤာဟာ ႐ုရွားႏိုင္ငံက ၁၉၈၀ ျပည့္ႏွစ္ဝန္းက်င္မွာ ထုတ္လုပ္ခဲ့တာ ျဖစ္ၿပီး အိႏၵိယႏိုင္ငံ၊ ဗီဇက္ရွိ ဟင္ဒူစတန္ သေဘၤာက်င္း လီမိတက္ (HSL) က မြန္းမံေနတာ ဒီႏွစ္ကုန္ မတိုင္ခင္ ၿပီးစီးဖြယ္ ရွိပါတယ္။

စစ္ေရးစြမ္းေဆာင္ရည္ ျမွင့္တင္ေပးဖို႔ အိႏၵိယက ေရငုပ္သေဘၤာကို အခုလို လႊဲေျပာင္းေပးတာပါ။ ဇူလိုင္လ အေစာပိုင္းတုန္းကလည္း အိႏၵိယက ျမန္မာကို ေခတ္မီ အေပါ့စား ေတာ္ပီဒိုေတြ ျမန္မာ တပ္မေတာ္ကို ေပးခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္လည္း အိႏၵိယႏိုင္ငံကို အလည္အပတ္ ေရာက္ရွိေနပါတယ္။

မြန်မာရေတပ်ကို အိန္ဒိယက ရေငုပ်သင်္ဘော လွှဲပြောင်းပေးမယ်

ကီလို အမျိုးအစား ရေငုပ်သင်္ဘောတစ်စီးကို ပြန်လည် ပြုပြင်မွန်းမံပြီးနောက် မြန်မာရေတပ်ကို လွှဲပြောင်းပေးဖို့ ပြင်ဆင်နေကြောင်း အိန္ဒိယက ပြောပါတယ်။

INS ဆင်ဒူဗီရာ ရေငုပ်သင်္ဘောဟာ လာမယ့်နှစ်တွေမှာ ရေငုပ်သင်္ဘော ပိုင်ဆိုင်ဖို့ ကြိုးစားနေတဲ့ မြန်မာရေတပ်အတွက် လေ့ကျင့်စေနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကီလို အမျိုးအစား ရေငုပ်သင်္ဘောဟာ ရုရှားနိုင်ငံက ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ ဗီဇက်ရှိ ဟင်ဒူစတန် သင်္ဘောကျင်း လီမိတက် (HSL) က မွန်းမံနေတာ ဒီနှစ်ကုန် မတိုင်ခင် ပြီးစီးဖွယ် ရှိပါတယ်။

စစ်ရေးစွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ အိန္ဒိယက ရေငုပ်သင်္ဘောကို အခုလို လွှဲပြောင်းပေးတာပါ။ ဇူလိုင်လ အစောပိုင်းတုန်းကလည်း အိန္ဒိယက မြန်မာကို ခေတ်မီ အပေါ့စား တော်ပီဒိုတွေ မြန်မာ တပ်မတော်ကို ပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း အိန္ဒိယနိုင်ငံကို အလည်အပတ် ရောက်ရှိနေပါတယ်။