ျမန္မာအထည္ခ်ဳပ္ အလုပ္သမေတြအေၾကာင္း စာတမ္းေရးတဲ့ ဗီယက္နမ္ ပညာရွင္ ဆုရရွိ

0
109

ျမန္မာႏိုင္ငံက အထည္ခ်ဳပ္လုပ္ငန္းေတြမွာ ႏိုင္ငံတြင္း ေရႊ႕ေျပာင္းလုပ္ကိုင္ေနၾကတဲ့ ျမန္မာအထည္ခ်ဳပ္ အလုပ္သမေတြအေၾကာင္း စာတမ္းေရးသားခဲ့တဲ့ ဗီယက္နမ္ ပညာရွင္ မစၥ ဟန္ ငုယင္ဟာ အျပည္ျပည္ဆိုင္ရာ အလုပ္သမားအဖြဲ႔ခ်ဳပ္ (ILO) ရဲ႕ 2019 Regulating for Decent Work ဆုကို ရရွိသြားပါတယ္။

ျမန္မာ အထည္ခ်ဳပ္ အလုပ္သမေတြအေၾကာင္းကို မစၥ ဟန္ ငုယင္က “ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ အၿပိဳင္ တကယ့္ အမွန္တရား – ျမန္မာႏိုင္ငံရွိ အထည္ခ်ဳပ္ လုပ္ငန္းမ်ားမွာ ျမန္မာ အမ်ိဳးသမီး ေရႊ႕ေျပာင္းလုပ္သားမ်ား၏ အက်ိဳးစီးပြား” ေခါင္းစဥ္နဲ႔ ေရးသားခဲ့ၿပီး စာတမ္းထဲမွာ ျမန္မာႏိုင္ငံရဲ႕ အကူးအေျပာင္းကာလ စီးပြားေရး လူမႈေရးဆိုင္ရာ ကိစၥေတြကို အထူးျပဳေလ့လာထားပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်နီဗာၿမိဳ႕ရွိ ILO ႐ံုးခ်ဳပ္မွာ က်င္းပတဲ့ (၆) ႀကိမ္ေျမာက္ Regulating for Decent Work ညီလာခံမွာ ILO အေထြေထြ ညႊန္ၾကားေရးမွဴး ဂိုင္ ႐ိုက္ဒါက မစၥ ဟန္ ငုယင္ကို ဆုခ်ီးျမွင့္ခဲ့ပါတယ္။ ဒီဆုဟာ ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြက တက္သစ္စ ပညာရွင္ေတြထဲက ေရြးခ်ယ္ ခ်ီးျမွင့္တဲ့ဆု ျဖစ္ပါတယ္။ ဒီစာတမ္းကို ျမန္မာ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနထံ တင္သြင္းၿပီး အႀကံျပဳခ်က္ေတြကို ေပးပို႔မယ္လို႔ ဟန္ ငုယင္က ေျပာပါတယ္။

မြန်မာအထည်ချုပ် အလုပ်သမတွေအကြောင်း စာတမ်းရေးတဲ့ ဗီယက်နမ် ပညာရှင် ဆုရရှိ


မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေမှာ နိုင်ငံတွင်း ရွှေ့ပြောင်းလုပ်ကိုင်နေကြတဲ့ မြန်မာအထည်ချုပ် အလုပ်သမတွေအကြောင်း စာတမ်းရေးသားခဲ့တဲ့ ဗီယက်နမ် ပညာရှင် မစ္စ ဟန် ငုယင်ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ 2019 Regulating for Decent Work ဆုကို ရရှိသွားပါတယ်။


မြန်မာ အထည်ချုပ် အလုပ်သမတွေအကြောင်းကို မစ္စ ဟန် ငုယင်က “မျှော်လင့်ချက်များနှင့် အပြိုင် တကယ့် အမှန်တရား – မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းများမှာ မြန်မာ အမျိုးသမီး ရွှေ့ပြောင်းလုပ်သားများ၏ အကျိုးစီးပွား” ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီး စာတမ်းထဲမှာ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကာလ စီးပွားရေး လူမှုရေးဆိုင်ရာ ကိစ္စတွေကို အထူးပြုလေ့လာထားပါတယ်။


ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ ILO ရုံးချုပ်မှာ ကျင်းပတဲ့ (၆) ကြိမ်မြောက် Regulating for Decent Work ညီလာခံမှာ ILO အထွေထွေ ညွှန်ကြားရေးမှူး ဂိုင် ရိုက်ဒါက မစ္စ ဟန် ငုယင်ကို ဆုချီးမြှင့်ခဲ့ပါတယ်။ ဒီဆုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက တက်သစ်စ ပညာရှင်တွေထဲက ရွေးချယ် ချီးမြှင့်တဲ့ဆု ဖြစ်ပါတယ်။

ဒီစာတမ်းကို မြန်မာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံ တင်သွင်းပြီး အကြံပြုချက်တွေကို ပေးပို့မယ်လို့ ဟန် ငုယင်က ပြောပါတယ်။