ျမန္မာအစိုးရကို မ်ားစြာ ေက်းဇူးတင္ေၾကာင္း အေမရိကန္သံ႐ံုး ထုတ္ျပန္

0
81

ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြၾကားက ပိတ္မိေနတဲ့ အေမရိကန္ ႏိုင္ငံသား ကိုးဦးကို ေဘးကင္းလံုၿခံဳစြာ ျပန္လည္ ေခၚေဆာင္ေပးခဲ့တဲ့အတြက္ ျမန္မာအစိုးရ အာဏာပိုင္ေတြကို မ်ားစြာ ေက်းဇူးတင္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္သံ႐ံုးက ထုတ္ျပန္လိုက္ပါတယ္။

အဲဒီ ထုတ္ျပန္ခ်က္ကို ၾသဂုတ္လ ၂၂ ရက္ေန႔က ထုတ္ျပန္ခဲ့တာျဖစ္ၿပီး အေမရိကန္ ႏုိင္ငံသားေတြကို တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့ ရွမ္းျပည္နယ္၊ အေရွ႕ေျမာက္ပုိင္း အတြင္းကေန ေဘးကင္းလုံၿခဳံစြာ ထြက္ခြာႏုိင္ဖို႔ သယ္ယူပုိ႔ေဆာင္မႈ လြယ္ကူေခ်ာေမြ႔ေအာင္ အကူအညီေပးခဲ့ၾကတဲ့အတြက္ ျမန္မာအစုိးရ အာဏာပုိင္ေတြကို မ်ားစြာ ေက်းဇူးတင္ရွိတယ္လို႔ ပါရွိပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ပြားေနတဲ့ တုိက္ပြဲေတြအၾကား ပိတ္မိေနတဲ့ အေမရိကန္ ႏုိင္ငံသား ကိုးဦးအပါအဝင္ ႏုိင္ငံျခားသား ၂၈ ဦးကို လား႐ိႈးကတစ္ဆင့္ ရန္ကုန္ၿမိဳ႕ကို အဆင္ေျပ ေခ်ာေမြ႔စြာ ျပန္ႏိုင္ေအာင္ ျမန္မာအစိုးရက ကူညီေပးခဲ့တာ ျဖစ္ပါတယ္။

မြန်မာအစိုးရကို များစွာ ကျေးဇူးတင်ကြောင်း အမေရိကန်သံရုံး ထုတ်ပြန်


ရှမး်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြားက ပိတ်မိနေတဲ့ အမေရိကန် နိုင်ငံသား ကိုးဦးကို ဘေးကင်းလုံခြုံစွာ ပြန်လည် ခေါ်ဆောင်ပေးခဲ့တဲ့အတွက် မြန်မာအစိုးရ အာဏာပိုင်တွေကို များစွာ ကျေးဇူးတင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။


အဲဒီ ထုတ်ပြန်ချက်ကို သြဂုတ်လ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အမေရိကန် နိုင်ငံသားတွေကို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း အတွင်းကနေ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ဖို့ သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့အောင် အကူအညီပေးခဲ့ကြတဲ့အတွက် မြန်မာအစိုးရ အာဏာပိုင်တွေကို များစွာ ကျေးဇူးတင်ရှိတယ်လို့ ပါရှိပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြား ပိတ်မိနေတဲ့ အမေရိကန် နိုင်ငံသား ကိုးဦးအပါအဝင် နိုင်ငံခြားသား ၂၈ ဦးကို လားရှိုးကတစ်ဆင့် ရန်ကုန်မြို့ကို အဆင်ပြေ ချောမွေ့စွာ ပြန်နိုင်အောင် မြန်မာအစိုးရက ကူညီပေးခဲ့တာ ဖြစ်ပါတယ်။