
0
51




မြန်မာလက်ရွေးစင်အသင်း အဝေးကွင်းမှာ မွန်ဂိုလီးယားကို ရှုံးနိမ့်


၂၀၂၂ ကမ္ဘာ့ဖား (အာရှဇုန်) နဲ့ ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုပထမနေ့ကို စက်တင်ဘာလ ၅ ရက်နေ့က မွန်ဂိုလီးယားနိုင်ငံမှာ ကျင်းပရာ မြန်မာလက်ရွေးစင် အသင်းက မွန်ဂိုလီးယားအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။


နည်းပြသစ် ရာဒူလိုဗစ်ရဲ့ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ အဖွင့်ပွဲမှာ အားအနည်းဆုံး အသင်းဖြစ်တဲ့ မွန်ဂိုလီးယားအသင်းကို မြန်မာအသင်းက ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ မွန်ဂိုလီးယား နည်းပြချုပ်ကတော့ ဖိလစ်ပိုင်အသင်း နည်းပြဟောင်း မိုက်ကယ် ဝက်ဘ် ဖြစ်ပါတယ်။


ပထမပိုင်း ၁၇ မိနစ်မှာ မွန်ဂိုလီးယားအသင်းက ဒူဂန်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဂျပန်အသင်းနဲ့ အိမ်ကွင်းကစားရမှာ ဖြစ်ပါတယ်။