ျမန္မာမွာ ငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈ ႀကိဳတင္ခန္႔မွန္းေအာင္ နာဆာ လုပ္ေဆာင္ေန

0
54

ေဆးယဥ္ပါးတဲ့ ငွက္ဖ်ာေရာဂါ ျဖစ္ပြားမႈေတြ ရွိလာတဲ့အတြက္ ျမန္မာႏိုင္ငံမွာ ငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈကို အာကာသ ၿဂိဳဟ္တုကေနတစ္ဆင့္ ႀကိဳတင္ခန္႔မွန္းႏိုင္မယ့္ နည္းပညာသစ္ကို အေမရိကန္ အာကာသ စူးစမ္းေလ့လာေရး ေအဂ်င္စီ (နာဆာ) က တီထြင္ေနပါတယ္။

ကမာၻတစ္ဝန္းမွာ ငွက္ဖ်ားေရာဂါ ၂၀၅၀ မွာ အျမစ္ျပတ္ေရး ရည္မွန္းခ်က္ထား ေဆာင္ရြက္ေနပါတယ္။ ၂၀၁၀ ျပည့္ႏွစ္ကေန ၂၀၁၇ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ ငွက္ဖ်ားေရာဂါေၾကာင့္ ေသဆံုးမႈ ၉၀ ရာခိုင္ႏႈန္း က်ဆင္းခဲ့တယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က ေျပာပါတယ္။ ေက်းလက္ေဒသေတြအထိ က်ယ္ျပန္႔စြာ က်န္းမာေရး ဝန္ေဆာင္မႈ ေပးႏိုင္ျခင္းနဲ႔ ျခင္ေထာင္ကို က်ယ္က်ယ္ျပန္႔ျပန္႔ အသံုးျပဳလာျခင္းတို႔ေၾကာင့္ အခုလို က်ဆင္းလာတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ျမန္မာႏိုင္ငံဟာ မဲေခါင္ေဒသက အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ယွဥ္ရင္ ငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈက ျမင့္ေနဆဲ ျဖစ္ပါတယ္။ ေဆးယဥ္ပါးတဲ့ ငွက္ဖ်ားေရာဂါဟာ အေရွ႕ေတာင္အာရွမွာ ျဖစ္ပြားလာေနၿပီး ကမာၻမွာ ငွက္ဖ်ားေရာဂါ ၉၀ ရာခိုင္ႏႈန္းေက်ာ္ ျဖစ္ပြားတဲ့ အာဖရိကကို ကူးစက္သြားမွာ စိုးရိမ္ေနၾကပါတယ္။   

မြန်မာမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှု ကြိုတင်ခန့်မှန်းအောင် နာဆာ လုပ်ဆောင်နေ


ဆေးယဉ်ပါးတဲ့ ငှက်ဖျာရောဂါ ဖြစ်ပွားမှုတွေ ရှိလာတဲ့အတွက် မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုကို အာကာသ ဂြိုဟ်တုကနေတစ်ဆင့် ကြိုတင်ခန့်မှန်းနိုင်မယ့် နည်းပညာသစ်ကို အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အေဂျင်စီ (နာဆာ) က တီထွင်နေပါတယ်။


ကမ္ဘာတစ်ဝန်းမှာ ငှက်ဖျားရောဂါ ၂၀၅၀ မှာ အမြစ်ပြတ်ရေး ရည်မှန်းချက်ထား ဆောင်ရွက်နေပါတယ်။ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ငှက်ဖျားရောဂါကြောင့် သေဆုံးမှု ၉၀ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။ ကျေးလက်ဒေသတွေအထိ ကျယ်ပြန့်စွာ ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ခြင်းနဲ့ ခြင်ထောင်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခြင်းတို့ကြောင့် အခုလို ကျဆင်းလာတာ ဖြစ်ပါတယ်။


ဒါပေမယ့် မြန်မာနိုင်ငံဟာ မဲခေါင်ဒေသက အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုက မြင့်နေဆဲ ဖြစ်ပါတယ်။ ဆေးယဉ်ပါးတဲ့ ငှက်ဖျားရောဂါဟာ အရှေ့တောင်အာရှမှာ ဖြစ်ပွားလာနေပြီး ကမ္ဘာမှာ ငှက်ဖျားရောဂါ ၉၀ ရာခိုင်နှုန်းကျော် ဖြစ်ပွားတဲ့ အာဖရိကကို ကူးစက်သွားမှာ စိုးရိမ်နေကြပါတယ်။