ျမန္မာနဲ႔ တ႐ုတ္ ကြမ္ရွီးကြ်မ့္ ေဒသတို႔ ပူးေပါင္းေဆာင္ရြက္ေရး လုပ္ငန္းေတြ ေဆြးေႏြး

0
47

ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံ၊ ကြမ္ရွီးကြ်မ့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတို႔ က႑အသီးသီးမွာ ပူးေပါင္းေဆာင္ရြက္ေရး ဒုတိယ သမၼတ ဦးျမင့္ေဆြနဲ႔ ကြမ္ရွီးကြ်မ့္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴးတို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

တ႐ုတ္ႏိုင္ငံ၊ နန္နင္းၿမိဳ႕မွာ က်င္းပမယ့္ (၁၆) ႀကိမ္ေျမာက္ တ႐ုတ္-အာဆီယံ ကုန္စည္ျပပြဲနဲ႔ တ႐ုတ္-အာဆီယံ စီးပြားေရးနဲ႔ ရင္းႏွီးျမွဳပ္ႏွံမႈ ထိပ္သီးအစည္းအေဝး တက္ေရာက္ဖို႔ ေရာက္ရွိေနတဲ့ ဒုတိယ သမၼတ ဦးျမင့္ေဆြနဲ႔ ကြမ္ရွီးကြ်မ့္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး မစၥတာ ခ်န္းဝူတို႔ မေန႔ စက္တင္ဘာလ ၁၉ ရက္ေန႔က လီယြမ္အစိုးရ ဧည့္ေဂဟာမွာ ေတြ႔ဆံုေဆြးေႏြးခဲ့တာပါ။

ေတြ႔ဆံုပြဲမွာ ျမန္မာႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံ၊ ကြမ္ရွီးကြ်မ့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတို႔ အၾကား စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ ရင္းႏွီးျမွဳပ္ႏွံမႈ၊ စိုက္ပ်ိဳးေရး၊ ကုန္သြယ္မႈနဲ႔ ခရီးသြားက႑ေတြမွာ ပူးေပါင္းေဆာက္ရြက္မႈေတြ တိုးျမွင့္ေရး ေဆြးေႏြးခဲ့ၾကပါတယ္။

မြန်မာနဲ့ တရုတ် ကွမ်ရှီးကျွမ့် ဒေသတို့ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေ ဆွေးနွေး

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့ ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်ရေး ဒုတိယ သမ္မတ ဦးမြင့်ဆွေနဲ့ ကွမ်ရှီးကျွမ့် ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်နိုင်ငံ၊ နန်နင်းမြို့မှာ ကျင်းပမယ့် (၁၆) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေနဲ့ ကွမ်ရှီးကျွမ့် ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ချန်းဝူတို့ မနေ့ စက်တင်ဘာလ ၁၉ ရက်နေ့က လီယွမ်အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ အကြား စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနဲ့ ခရီးသွားကဏ္ဍတွေမှာ ပူးပေါင်းဆောက်ရွက်မှုတွေ တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြပါတယ်။