ျမန္မာနဲ႔ က်ဴးဘားတို႔ က်န္းမာေရးက႑မွာ အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္မယ္

0
55

က်ဴးဘား ျပည္သူ႔က်န္းမာေရး ဝန္ႀကီးဌာန ဝန္ႀကီး ဂ်ိဳ႕စ္ အန္ဂ်ယ္ ေပၚတယ္ဟာ ျမန္မာ ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ံုးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြ ဦးေဆာင္တဲ့ အဖြဲ႔ကို လက္ခံေတြ႔ဆံုခဲ့ပါတယ္။

ဝန္ႀကီး ဦးေက်ာ္တင့္ေဆြဟာ က်ဴးဘားႏိုင္ငံ၊ ဟာဗားနားၿမိဳ႕မွာ သံတမန္ ဆက္သြယ္ေရး ထူေထာင္မႈ ဖြင့္လွစ္ပြဲအတြက္ က်ဴးဘားႏိုင္ငံကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြက က်ဴးဘားႏိုင္ငံနဲ႔ က်န္းမာေရးက႑မွာ အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္ဖို႔ စိတ္ဝင္စားေၾကာင္း ေျပာဆိုခဲ့ပါတယ္။

က်ဴးဘား ဝန္ႀကီး မစၥတာ ေပၚတယ္ကလည္း က်န္းမာေရး၊ ပညာေရး၊ ဇီဝနည္းပညာနဲ႔ ေဆးဝါးထုတ္လုပ္ေရးက႑ေတြမွာ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္ရြက္ဖို႔ ျဖစ္ႏိုင္ေျခေတြကို ေဆြးေႏြးခဲ့ေၾကာင္း က်ဴးဘား နယူးစ္ ေအဂ်င္စီ သတင္းမွာ ေဖာ္ျပထားပါတယ္။

မြန်မာနဲ့ ကျူးဘားတို့ ကျန်းမာရေးကဏ္ဍမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မယ်


ကျူးဘား ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီး ဂျို့စ် အန်ဂျယ် ပေါ်တယ်ဟာ မြန်မာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။


ဝန်ကြီး ဦးကျော်တင့်ဆွေဟာ ကျူးဘားနိုင်ငံ၊ ဟာဗားနားမြို့မှာ သံတမန် ဆက်သွယ်ရေး ထူထောင်မှု ဖွင့်လှစ်ပွဲအတွက် ကျူးဘားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဝန်ကြီး ဦးကျော်တင့်ဆွေက ကျူးဘားနိုင်ငံနဲ့ ကျန်းမာရေးကဏ္ဍမှာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း ပြောဆိုခဲ့ပါတယ်။


ကျူးဘား ဝန်ကြီး မစ္စတာ ပေါ်တယ်ကလည်း ကျန်းမာရေး၊ ပညာရေး၊ ဇီဝနည်းပညာနဲ့ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့ကြောင်း ကျူးဘား နယူးစ် အေဂျင်စီ သတင်းမှာ ဖော်ပြထားပါတယ်။