ျမန္မာတိုင္းရင္းသား သက္ႀကီးရြယ္အိုေတြ လူသားခ်င္း စာနာေထာက္ထားတဲ့ အကူအညီ မဲ့ေန

0
99

ျမန္မာႏိုင္ငံတစ္ဝန္းက တိုင္းရင္းသား သက္ႀကီးရြယ္အိုေတြဟာ ရသင့္ရထိုက္တဲ့ အခြင့္အေရးနဲ႔ အကူအညီေတြ မရရွိဘဲ လူသားခ်င္းစာနာေထာက္ထားတဲ့ ေထာက္ပံ့မႈစနစ္ေတြ ကင္းမဲ့ေနတယ္လို႔ အစီရင္ခံစာတစ္ေစာင္က ေဖာ္ျပပါတယ္။

“ဘဝတစ္ေလွ်ာက္လံုး ထြက္ေျပးေနရျခင္း – ျမန္မာႏိုင္ငံတြင္ ပဋိပကၡႏွင့္ ေရႊ႕ေျပာင္းေနရျခင္းတို႔အေပၚ သက္ႀကီးရြယ္အိုမ်ား၏ အေတြ႔အႀကံဳ” လို႔ အမည္ေပးထားတဲ့ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ အဖြဲ႔ (AI) ရဲ႕ ဒီေန႔ ဇြန္လ ၁၈ ရက္မွာ ထုတ္ျပန္တဲ့ စာမ်က္ႏွာ ၉၄ မ်က္ႏွာပါ အစီရင္ခံစာမွာ ေဖာ္ျပထားတာပါ။

ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္ ပဋိပကၡနဲ႔ အက်ပ္အတည္း ျဖစ္ပြားေနတဲ့ ေဒသေတြမွာ သက္ႀကီးရြယ္အိုေတြဟာ အခြင့္အေရးနဲ႔ ဂုဏ္သိကၡာ ဆံုး႐ံႈးေနရမႈေတြ၊ လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီ ကင္းမဲ့ေနတာေတြကို AI က ပထမဆံုးအႀကိမ္အျဖစ္ စံုစမ္းစစ္ေဆး ေဖာ္ျပထားတာ ျဖစ္ပါတယ္။ အသက္ ၅၄ ႏွစ္ကေန ၉၀ ႏွစ္အတြင္းရွိ တိုင္းရင္းသား သက္ႀကီးရြယ္အိုေတြကို ေတြ႔ဆံုေမးျမန္းမႈ ၁၄၆ ခုအေပၚ အေျခခံၿပီး ဒီအစီရင္ခံစာကို ေရးသားထားတာပါ။

မြန်မာတိုင်းရင်းသား သက်ကြီးရွယ်အိုတွေ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ မဲ့နေ

မြန်မာနိုင်ငံတစ်ဝန်းက တိုင်းရင်းသား သက်ကြီးရွယ်အိုတွေဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ အကူအညီတွေ မရရှိဘဲ လူသားချင်းစာနာထောက်ထားတဲ့ ထောက်ပံ့မှုစနစ်တွေ ကင်းမဲ့နေတယ်လို့ အစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။

“ဘဝတစ်လျှောက်လုံး ထွက်ပြေးနေရခြင်း – မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် ရွှေ့ပြောင်းနေရခြင်းတို့အပေါ် သက်ကြီးရွယ်အိုများ၏ အတွေ့အကြုံ” လို့ အမည်ပေးထားတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) ရဲ့ ဒီနေ့ ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်တဲ့ စာမျက်နှာ ၉၄ မျက်နှာပါ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခနဲ့ အကျပ်အတည်း ဖြစ်ပွားနေတဲ့ ဒေသတွေမှာ သက်ကြီးရွယ်အိုတွေဟာ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာ ဆုံးရှုံးနေရမှုတွေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီ ကင်းမဲ့နေတာတွေကို AI က ပထမဆုံးအကြိမ်အဖြစ် စုံစမ်းစစ်ဆေး ဖော်ပြထားတာ ဖြစ်ပါတယ်။ အသက် ၅၄ နှစ်ကနေ ၉၀ နှစ်အတွင်းရှိ တိုင်းရင်းသား သက်ကြီးရွယ်အိုတွေကို တွေ့ဆုံမေးမြန်းမှု ၁၄၆ ခုအပေါ် အခြေခံပြီး ဒီအစီရင်ခံစာကို ရေးသားထားတာပါ။