ျမန္မာက တ႐ုတ္၊ အိႏၵိယနဲ႔ ဂ်ပန္ကို အိတ္ကပ္ထဲ ထည့္ထားတယ္လို႔ ဒါကာ တကၠသိုလ္ ပါေမာကၡ ေျပာ

0
149

ဘဂၤါလီ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးမွာ ျမန္မာဟာ အေရးႀကီးတဲ့ ႏိုင္ငံသံုးခုျဖစ္တဲ့ တ႐ုတ္၊ အိႏၵိယနဲ႔ ဂ်ပန္ကို သူတို႔ အိတ္ကပ္ထဲ ထည့္ထားတယ္လို႔ ယူဆထားေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒါကာ တကၠသိုလ္က ႏိုင္ငံတကာ ဆက္ဆံေရးပညာ ပါေမာကၡ အင္မ္တီယက္ အာမက္က ေျပာပါတယ္။

ဘဂၤါလီေတြ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းကို ေရာက္လာတာ ၂ ႏွစ္ျပည့္ခ်ိန္ ထုတ္ေဝတဲ့ ၾသဂုတ္လ ၂၇ ရက္ေန႔က ဘဂၤါလီအေရး စာအုပ္ မိတ္ဆက္ပြဲမွာ ပါေမာကၡ အင္မ္တီယက္က အခုလို ေျပာခဲ့တာပါ။ အနည္းဆံုး အေရးႀကီးတဲ့ ႏိုင္ငံသံုးခုကို သူတို႔အိတ္ကပ္ထဲ ထည့္ထားတယ္လို႔ ယူဆတဲ့အတြက္ ဘဂၤလားေဒ့ရွ္က ဘာလုပ္ႏိုင္မွာလဲလို႔ သူက မွတ္ခ်က္ေပးခဲ့ပါတယ္။

ဘဂၤါလီ အက်ပ္အတည္းကို ေျဖရွင္းဖို႔ ႏိုင္ငံေရး၊ စီးပြားေရး၊ ယဥ္ေက်းမႈ၊ နည္းပညာနဲ႔ ပထဝီႏိုင္ငံေရး လမ္းေၾကာင္း ငါးခုကေန ခ်ဥ္းကပ္ရမယ္လို႔လည္း ပါေမာကၡ အင္မ္တီယက္က ေျပာပါတယ္။ ၾသဂုတ္လ ၂၂ ရက္ေန႔မွာ ဘဂၤါလီေတြ ေနရပ္ျပန္ပို႔ေရး ဒုတိယအႀကိမ္ ႀကိဳးပမ္းမႈ မေအာင္ျမင္တာနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံနဲ႔ ဆက္ဆံေရး ေကာင္းေနတဲ့ အေရးႀကီး သံုးႏိုင္ငံ ကိစၥကို ၾကည့္ဖို႔လိုတယ္လို႔ ထင္ေၾကာင္းလည္း သူက ေျပာသြားပါတယ္။

မြန်မာက တရုတ်၊ အိန္ဒိယနဲ့ ဂျပန်ကို အိတ်ကပ်ထဲ ထည့်ထားတယ်လို့ ဒါကာ တက္ကသိုလ် ပါမောက္ခ ပြော


ဘင်္ဂါလီ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ မြန်မာဟာ အရေးကြီးတဲ့ နိုင်ငံသုံးခုဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်ကို သူတို့ အိတ်ကပ်ထဲ ထည့်ထားတယ်လို့ ယူဆထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာ တက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေးပညာ ပါမောက္ခ အင်မ်တီယက် အာမက်က ပြောပါတယ်။


ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကို ရောက်လာတာ ၂ နှစ်ပြည့်ချိန် ထုတ်ဝေတဲ့ သြဂုတ်လ ၂၇ ရက်နေ့က ဘင်္ဂါလီအရေး စာအုပ် မိတ်ဆက်ပွဲမှာ ပါမောက္ခ အင်မ်တီယက်က အခုလို ပြောခဲ့တာပါ။ အနည်းဆုံး အရေးကြီးတဲ့ နိုင်ငံသုံးခုကို သူတို့အိတ်ကပ်ထဲ ထည့်ထားတယ်လို့ ယူဆတဲ့အတွက် ဘင်္ဂလားဒေ့ရှ်က ဘာလုပ်နိုင်မှာလဲလို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။


ဘင်္ဂါလီ အကျပ်အတည်းကို ဖြေရှင်းဖို့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ နည်းပညာနဲ့ ပထဝီနိုင်ငံရေး လမ်းကြောင်း ငါးခုကနေ ချဉ်းကပ်ရမယ်လို့လည်း ပါမောက္ခ အင်မ်တီယက်က ပြောပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့မှာ ဘင်္ဂါလီတွေ နေရပ်ပြန်ပို့ရေး ဒုတိယအကြိမ် ကြိုးပမ်းမှု မအောင်မြင်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းနေတဲ့ အရေးကြီး သုံးနိုင်ငံ ကိစ္စကို ကြည့်ဖို့လိုတယ်လို့ ထင်ကြောင်းလည်း သူက ပြောသွားပါတယ်။