ျမန္မာကေန ေမွာင္ခိုသြင္းလာတဲ့ ေရႊ ၃၃ ကီလိုဂရမ္ မြမ္ဘိုင္းေလဆိပ္မွာ ဖမ္းမိ

0
523

ျမန္မာႏိုင္ငံကေန ေမွာင္ခိုသြင္းလာတဲ့ ေရႊ ၃၃ ကီလိုဂရမ္ကို အိႏၵိယႏိုင္ငံ၊ မြမ္ဘိုင္းေလဆိပ္မွာ ဖမ္းမိခဲ့ေၾကာင္း အိႏၵိယ အေကာက္ခြန္ စံုစမ္းေရး႐ံုး (DRI) က ေျပာပါတယ္။

ေမွာင္ခိုသြင္းလာတဲ့ ေရႊေတြဟာ အိႏၵိယ-ျမန္မာ နယ္စပ္ကေန ဝင္လာတာျဖစ္ၿပီး ေရႊေမွာင္ခိုမႈနဲ႔ ပတ္သက္လို႔ လူ ခုနစ္ဦးကို ဖမ္းဆီးထားပါတယ္။ ေရႊေတြကို ျပည္တြင္း ကုန္တင္ေလေၾကာင္းလိုင္းနဲ႔ ကိုလ္ကတၱား၊ ခ်င္ႏိုင္း၊ ကိုအင္ဘာတိုနဲ႔ ဟိုက္ဒရာဘတ္တို႔ကေန မြမ္ဘိုင္းကို အဆင့္ဆင့္ သယ္ယူလာတာ ျဖစ္ပါတယ္။

တျခားေလဆိပ္ေတြမွာလည္း အခုလို ေရႊေမွာင္ခို ကူးတာမ်ိဳး ရွိ၊ မရွိကို အိႏၵိယ အေကာက္ခြန္ စံုစမ္းေရး႐ံုးက စစ္ေဆးေနပါတယ္။ မြမ္ဘိုင္းရွိ ဆိပ္ကမ္းႏွစ္ခုက တင္းက်ပ္တဲ့ စစ္ေဆးမႈေတြကို ေရွာင္ရွားဖို႔ ကုန္တင္ ေလေၾကာင္းလိုင္းနဲ႔ ေရႊေမွာင္ခို တင္ပို႔တာ ျဖစ္ပါတယ္။ အာဏာပိုင္ေတြက ေရႊေမွာင္ခို သတင္းကိုရရွိလို႔ ကြန္ကာ ကုန္တင္ေလေၾကာင္းလိုင္းက ေလယာဥ္ေတြကို ရွာေဖြစဥ္ အခုလို ဖမ္းမိခဲ့တာပါ။

မြန်မာကနေ မှောင်ခိုသွင်းလာတဲ့ ရွှေ ၃၃ ကီလိုဂရမ် မွမ်ဘိုင်းလေဆိပ်မှာ ဖမ်းမိ

မြန်မာနိုင်ငံကနေ မှောင်ခိုသွင်းလာတဲ့ ရွှေ ၃၃ ကီလိုဂရမ်ကို အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းလေဆိပ်မှာ ဖမ်းမိခဲ့ကြောင်း အိန္ဒိယ အကောက်ခွန် စုံစမ်းရေးရုံး (DRI) က ပြောပါတယ်။

မှောင်ခိုသွင်းလာတဲ့ ရွှေတွေဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကနေ ဝင်လာတာဖြစ်ပြီး ရွှေမှောင်ခိုမှုနဲ့ ပတ်သက်လို့ လူ ခုနစ်ဦးကို ဖမ်းဆီးထားပါတယ်။ ရွှေတွေကို ပြည်တွင်း ကုန်တင်လေကြောင်းလိုင်းနဲ့ ကိုလ်ကတ္တား၊ ချင်နိုင်း၊ ကိုအင်ဘာတိုနဲ့ ဟိုက်ဒရာဘတ်တို့ကနေ မွမ်ဘိုင်းကို အဆင့်ဆင့် သယ်ယူလာတာ ဖြစ်ပါတယ်။

တခြားလေဆိပ်တွေမှာလည်း အခုလို ရွှေမှောင်ခို ကူးတာမျိုး ရှိ၊ မရှိကို အိန္ဒိယ အကောက်ခွန် စုံစမ်းရေးရုံးက စစ်ဆေးနေပါတယ်။ မွမ်ဘိုင်းရှိ ဆိပ်ကမ်းနှစ်ခုက တင်းကျပ်တဲ့ စစ်ဆေးမှုတွေကို ရှောင်ရှားဖို့ ကုန်တင် လေကြောင်းလိုင်းနဲ့ ရွှေမှောင်ခို တင်ပို့တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက ရွှေမှောင်ခို သတင်းကိုရရှိလို့ ကွန်ကာ ကုန်တင်လေကြောင်းလိုင်းက လေယာဉ်တွေကို ရှာဖွေစဉ် အခုလို ဖမ်းမိခဲ့တာပါ။