
0
55




မြစ်ခြေမြို့အနီး အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်

မကွေးတိုင်းဒေသကြီး ၊ မြစ်ခြေမြို့အနီးမှာ စက်တင်ဘာလ ၆ ရက်နေ့က အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။

ညောင်ဦးမြေငလျင်စခန်းရဲ့ အနောက်- အနောက်တောင်ဘက် (၁၀)မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း၊ (မြစ်ခြေမြို့ရဲ့ အနောက်တောင်ဘက်(၈)မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၁.၁၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၇၆)ဒီဂရီမှာ လှုပ်ခတ်ခဲ့တာပါ။

အဲ့ဒီ ငလျင်ဟာ အနက်(၉၃)ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ခဲ့ပါတယ်။