
0
66




ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား YMBA က ဂုဏ်ထူးဆောင် နာယက ခန့်အပ်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား ဗုဒ္ဓကလျာဏယုဝ အသင်းချုပ် (YMBA) က မဟာမင်္ဂလ ဓမ္မဇောတိဓဇ ဘွဲ့တံဆိပ် ချီးမြှင့်ပြီး ဂုဏ်ထူးဆောင် နာယကအဖြစ်လည်း ခန့်အပ်လိုက်ပါတယ်။

အဲဒီလို ပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှာ ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။

YMBA နာယကကြီးများအဖွဲ့က အဘိဓမ္မာဆရာကြီး ဦးမြင့်စိုးက ပြည်ထောင်စုဝန်ကြီးကို အသင်းချုပ်ရဲ့ ဂုဏ်ထူးဆောင် နာယကအဖြစ် ခန့်အပ်လွှာနဲ့ အဆောင်အယောင်တွေကို ပေးအပ်ပါတယ်။ ဝန်ကြီး သူရဦးအောင်ကိုက YMBA အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲထွန်းကို မဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။