ျပည္သူ႔ပါတီနဲ႔ အမ်ဳိးသားဒီမုိကေရစီ အဖြဲ႕ခ်ဳပ္တုိ႔ ေတြ႔ဆုံ ေဆြးေႏြး

0
172

ျပည္သူ႔ပါတီ နဲ႔ အမ်ဳိးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) တို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္ၿပီး ေတြ႔ဆုံေဆြးေႏြးခဲ့ၾကပါတယ္။ ဒီကေန႔ ဇြန္လ ၁၇ ရက္ေန႔ ျပည္သူ႔႔ပါတီ ဥကၠ႒က ရန္ကုန္ၿမိဳ႕၊ ဗဟန္းၿမိဳ႕နယ္၊ အေနာက္ေရႊဂံုတိုင္လမ္းရွိ အမ်ဳိးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္႐ံုးကို သြားေရာက္ၿပီး ေတြ႔ဆုံခဲ့တာ ျဖစ္ပါတယ္။

ေတြ႔ဆုံစဥ္ ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရးအတြက္ NLD ပါတီရဲဲ႕ လႊတ္ေတာ္တြင္း ေဆာင္ရြက္ေနတဲ့ လုပ္ငန္းစဥ္ေတြ၊ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြနဲ႔ အပါအဝင္ ျပည္သူ႔ပါတီရဲ႕ ပါတီဖြဲ႔စည္းေရးဆိုင္ရာ အေျခအေနေတြ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။ေတြ႔ဆုံရာမွာ ျပည္သူ႔ပါတီ ဥကၠ႒ ဦးကုိကိုႀကီး၊ ဒုတိယ ဥကၠ႒ ဦးမင္းေဇယ်၊ အေထြေထြအတြင္းေရးမႉး ဦးရဲႏိုင္ေအာင္၊ တြဲဖက္ အေထြေထြအတြင္းေရးမႉး (၁) ဦးေက်ာ္ေက်ာ္ေထြး (ခ) ကိုမာကီနဲ႔ အမ်ဳိးသား ဒီမုိကေရစီ အဖြဲ႔ခ်ဳပ္ရဲ႕ ဗဟုိအလုပ္မႈေဆာင္ ေကာ္မတီဝင္ ဦးဉာဏ္ဝင္း၊ ဦးဟံသာျမင့္၊ ဦးသိန္းဦး၊ ေဒါက္တာ မ်ဳိးညြန္႔တို႔နဲ႔  ေတြ႔ဆုံခဲ့ေၾကာင္း ျပည္သူ႔ပါတီက သတင္းထုတ္ျပန္ထားပါတယ္။

ပြည်သူ့ပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေး

ပြည်သူ့ပါတီ နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့ ပြည်သူ့ပါတီ ဥက္ကဋ္ဌက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို သွားရောက်ပြီး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံစဉ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် NLD ပါတီရဲ့ လွှတ်တော်တွင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ အပါအဝင် ပြည်သူ့ပါတီရဲ့ ပါတီဖွဲ့စည်းရေးဆိုင်ရာ အခြေအနေတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တွေ့ဆုံရာမှာ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းဇေယျ၊ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်၊ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) ဦးကျော်ကျော်ထွေး (ခ) ကိုမာကီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးသိန်းဦး၊ ဒေါက်တာ မျိုးညွန့်တို့နဲ့ တွေ့ဆုံခဲ့ကြောင်း ပြည်သူ့ပါတီက သတင်းထုတ်ပြန်ထားပါတယ်။