
0
60




ပြည်သူတွေဘက်က အစိုးရနဲ့ လိုက်ပါပြောင်းလဲဖို့ ပဲခူးတိုင်းဝန်ကြီးချုပ် ပြော

ပြည်သူတွေဘက်က အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် အတူလိုက်ပါ ပြောင်းလဲဖို့ လိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ပဒဲကောကျေးရွာ၊ သမိုင်းဝင် ကျောက်မှော် စေတီတော်ကြီး ဓမ္မာရုံမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က အခုလို ပြောဆိုခဲ့တာပါ။

အစိုးရက ပြည်သူတွေရဲ့ အခက်အခဲ ပြဿနာပေါင်းစုံကို ညှိနှိုင်းဖြေရှင်းပေးဖို့ တာဝန်ရှိသလို ပြည်သူတွေ ဘက်ကလည်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုအပေါ် အတူလိုက်ပါပြောင်းလဲဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောခဲ့တာပါ။