ျပည္တြင္းျပည္ပက အိမ္အကူလုပ္သားေတြကို ကာကြယ္ေပးဖို႔ ဥပေဒအသစ္ ေရးဆြဲမယ္

0
125

လက္ရွိ အလုပ္သမား ဥပေဒေတြဟာ ျပည္တြင္း ျပည္ပက အိမ္အကူ လုပ္သားေတြအေပၚမွာ အကာအကြယ္ မေပးႏိုင္တာေၾကာင့္ အိမ္အကူ အလုပ္သမားေတြကို ကာကြယ္ေပးဖို႔ ဥပေဒအသစ္ ေရးဆြဲသြားမွာျဖစ္ပါတယ္။

အိမ္အကူ အလုပ္သမားေတြအေပၚ ညႇဥ္းပန္းႏွိပ္စက္၊ ေခါင္းပံုျဖတ္မႈေတြ ျဖစ္ေနတာဟာ လက္ရွိ အလုပ္သမား ဥပေဒေတြက အကာအကြယ္ မေပးႏိုင္လို႔ျဖစ္တာေၾကာင့္ ဥပေဒသစ္ ေရးဆြဲမွာျဖစ္တယ္လို႔ အမ်ဳိးသားလႊတ္ေတာ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္တြင္းျပည္ပ အလုပ္သမားဆိုင္ရာ ေကာ္မတီ ဥကၠ႒ ဦးေက်ာ္ေထြးက ေျပာပါတယ္။

ဒါ့အျပင္ အဲ့ဒီ ဥပေဒသစ္ကို ေရးဆြဲဖို႔အတြက္ လႊတ္ေတာ္အတြင္း အမတ္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီျဖစ္ေၾကာင္း ေကာ္မတီ ဥကၠ႒ ဦးေက်ာ္ေထြးက ေျပာပါတယ္။

ပြည်တွင်းပြည်ပက အိမ်အကူလုပ်သားတွေကို ကာကွယ်ပေးဖို့ ဥပဒေအသစ် ရေးဆွဲမယ်

လက်ရှိ အလုပ်သမား ဥပဒေတွေဟာ ပြည်တွင်း ပြည်ပက အိမ်အကူ လုပ်သားတွေအပေါ်မှာ အကာအကွယ် မပေးနိုင်တာကြောင့် အိမ်အကူ အလုပ်သမားတွေကို ကာကွယ်ပေးဖို့ ဥပဒေအသစ် ရေးဆွဲသွားမှာဖြစ်ပါတယ်။

အိမ်အကူ အလုပ်သမားတွေအပေါ် ညှဉ်းပန်းနှိပ်စက်၊ ခေါင်းပုံဖြတ်မှုတွေ ဖြစ်နေတာဟာ လက်ရှိ အလုပ်သမား ဥပဒေတွေက အကာအကွယ် မပေးနိုင်လို့ဖြစ်တာကြောင့် ဥပဒေသစ် ရေးဆွဲမှာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဥပဒေသစ်ကို ရေးဆွဲဖို့အတွက် လွှတ်တော်အတွင်း အမတ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောပါတယ်။