ျပည္တြင္းမွာ ႏိုင္ငံတကာက ေရာင္း/၀ယ္ႏိုင္တဲ့ ေစ်းကြက္အျဖစ္ ေဆာင္ရြက္ခ်င္

0
54

ျမန္မာနုိင္ငံမွာ နုိင္ငံတကာက ေရာင္းနုိင္ဝယ္နုိင္တဲ့ ေစ်းကြက္အျဖစ္  နုိင္ငံတကာအစီအစဥ္ဇယားေတြမွာ ပါဝင္နုိင္ဖုိ႔ ႀကဳိးပမ္းေဆာင္ရြက္ခ်င္တယ္လုိ႔ ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ကေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္သႏၱာမုိးက ေပးပုိ႔ထားပါတယ္။

ရန္ကုန္ၿမဳိ႕မွာ နုိင္ငံတကာျပပြဲေတြ ပုိၿပီးက်ယ္ျပန္႔လာေစဖုိ႔နဲ႔ နုိင္ငံတကာက ေရာင္းနုိင္ဝယ္နုိင္တဲ႔ ေစ်းကြက္အျဖစ္ ႏိုင္ငံတကာအစီအစဥ္ဇယားေတြမွာ ပါဝင္နုိင္ဖုိ႔  ႀကဳိးပမ္းေဆာင္ရြက္ခ်င္တယ္လုိ႔ ရန္ကုန္တုိင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။

စက္တင္ဘာလ ၂၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊  Fortune Plaza (Myanmar Expo) မွာ ျပဳလုပ္တဲ့ ကုန္သည္မ်ားနဲ႔ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ UMFCCI ႏွစ္တစ္ရာျပည့္ အခမ္းအနားမွာ ရန္ကုန္တုိင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ႔တာပါ။

 Soundbite ဦးၿဖဳိးမင္းသိန္း (ရန္ကုန္တုိင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္)

ကုန္သည္မ်ားႏွင္႔ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ကုိ ၁၉၁၉ ခုႏွစ္ကေန႔ စတင္တည္ ေထာင္ခဲ႔တာ ျဖစ္ၿပီး ၁၉၆၂ ခုႏွစ္ကေန ၁၉၈၈ ခုႏွစ္ ပုဂၢလိကစီးပြားေရးလုပ္ငန္းေတြကုိ ခြင္႔မျပဳတဲ႔အခ်ိန္ကေန အသင္းကုိ မပ်က္စီးေအာင္ထိန္းသိမ္းထား နုိင္ခဲ႔တာလည္းျဖစ္ပါတယ္။

ပုဂၢလိကနဲ႔ အစုိးရၾကား ပူးေပါင္းေဆာင္ရြက္မႈေတြမွာ ေခတ္အဆက္ဆက္က အခက္အခဲေတြရွိခဲ႔တာေၾကာင့္ လုပ္ငန္းလုပ္ေဆာင္ခ်က္ေတြမွာ ေဆြးေႏြးမႈေတြမ်ားလာမွ အခက္အခဲေတြကုိပုိၿပီး ေက်ာ္လႊားနုိင္မွာျဖစ္တယ္လုိ႔ UMFCCI ရဲ႕ အေထြေထြအတြင္းေရးမွဴးခ်ဳပ္က ေျပာပါတယ္။

Soundbite  ဦးေအာင္ၾကည္စုိး (အေထြေထြ အတြင္းေရးမွဴးခ်ဳပ္)

            ကုန္သည္မ်ားႏွင္႔ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI)

UMFCCI ႏွစ္တစ္ရာျပည့္ အထိမ္းအမွတ္ Centennial Internation Expo 2019 ျပပြဲကို  စက္တင္ဘာလ ၂၀ ရက္ေန႔ကေန ၂၂ ရက္ေန႔ သုံးရက္ၾကာ က်င္းပသြားမွာျဖစ္ၿပီး နုိင္ငံတကာက ကုန္ပစၥည္းေတြအပါအဝင္ ျမန္မာနုိင္ငံက အရည္အေသြးမွီ ေဒသထြက္ကုန္ပစၥည္း ျပခန္း (၂၃၅)ခန္းကုိ ျပသထားတာလည္းျဖစ္ပါတယ္ရွင္။

မြန်မာနိုင်ငံမှာ နိုင်ငံတကာက ရောင်းနိုင်ဝယ်နိုင်တဲ့ ဈေးကွက်အဖြစ် နိုင်ငံတကာအစီအစဉ်ဇယားတွေမှာ ပါဝင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ချင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးက ပေးပို့ထားပါတယ်။

ရန်ကုန်မြို့မှာ နိုင်ငံတကာပြပွဲတွေ ပိုပြီးကျယ်ပြန့်လာစေဖို့နဲ့ နိုင်ငံတကာက ရောင်းနိုင်ဝယ်နိုင်တဲ့ ဈေးကွက်အဖြစ် နိုင်ငံတကာအစီအစဉ်ဇယားတွေမှာ ပါဝင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ချင်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ Fortune Plaza (Myanmar Expo) မှာ ပြုလုပ်တဲ့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI နှစ်တစ်ရာပြည့် အခမ်းအနားမှာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

Soundbite ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်)

ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ကို ၁၉၁၉ ခုနှစ်ကနေ့ စတင်တည် ထောင်ခဲ့တာ ဖြစ်ပြီး ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို ခွင့်မပြုတဲ့အချိန်ကနေ အသင်းကို မပျက်စီးအောင်ထိန်းသိမ်းထား နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပုဂ္ဂလိကနဲ့ အစိုးရကြား ပူးပေါင်းဆောင်ရွက်မှုတွေမှာ ခေတ်အဆက်ဆက်က အခက်အခဲတွေရှိခဲ့တာကြောင့် လုပ်ငန်းလုပ်ဆောင်ချက်တွေမှာ ဆွေးနွေးမှုတွေများလာမှ အခက်အခဲတွေကိုပိုပြီး ကျော်လွှားနိုင်မှာဖြစ်တယ်လို့ UMFCCI ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်က ပြောပါတယ်။

Soundbite ဦးအောင်ကြည်စိုး (အထွေထွေ အတွင်းရေးမှူးချုပ်)
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)

UMFCCI နှစ်တစ်ရာပြည့် အထိမ်းအမှတ် Centennial Internation Expo 2019 ပြပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံတကာက ကုန်ပစ္စည်းတွေအပါအဝင် မြန်မာနိုင်ငံက အရည်အသွေးမှီ ဒေသထွက်ကုန်ပစ္စည်း ပြခန်း (၂၃၅)ခန်းကို ပြသထားတာလည်းဖြစ်ပါတယ်ရှင်။