ျပည္တြင္းကို ကားကုမၸဏီေတြ လာေရာက္မွာျဖစ္တဲ့အတြက္ အလုပ္အကိုင္ပိုမိုရ႐ွိမယ္

0
317

ျမန္မာႏုိင္ငံကုိ ကားကုမၸဏီေတြ လာေရာက္ဖြင့္လွစ္တဲ့အတြက္ ျပည္တြင္းမွာ အလုပ္အကိုင္အခြင့္အလမ္း ပုိမုိရရွိနုိင္မွာ ျဖစ္တယ္လို႔ Daewoo Bus Myanmar က ေျပာပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေသာ္တာတုိးက ေပးပို႔ထားပါတယ္ ။

လက္ရွိမွာ ေဒ၀ူးစီးတီးဘတ္စ္နဲ႔ လက္စ္တာ မီနီဘတ္စ္ႏွစ္မ်ဳိးကုိ  တစ္ႏွစ္ အစီး ၅၀၀ ထုတ္လုပ္သြားမွာ ျဖစ္တာေၾကာင့္ ျပည္တြင္းက အလုပ္သမားေတြ အလုပ္အကိုင္အခြင့္အလမ္း ပိုမုိရရွိႏုိင္မွာ ျဖစ္ေၾကာင္း Daewoo Bus Myanmar က တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္ ။

ဇြန္လ ၁၁ ရက္ေန႔က  ရန္ကုန္တုိင္းေဒသႀကီး ေထာက္ၾကန္႔ၿမိဳ႕နယ္က  Daewoo စက္ရုံမွာ ကားအမ်ဳိးအစား ၂ မ်ဳိး တပ္ဆင္ထုတ္လုပ္တဲ့ အေၾကာင္းကုိ မိတ္ဆက္ခဲ့တာပါ။

Soundbite –   ဦးကိုကိုလြင္(အျမဲတမ္းအတြင္း၀န္)

                      စက္မႈ၀န္ႀကီးဌာန

Daewoo Myanmar အေနနဲ႔ Production Line က အင္ဂ်င္နီယာေတြကို ကိုရီးယားနိုင္ငံကို ပညာာေတာ္သင္ေစလႊတ္ၿပီး  Bus ကား တပ္ဆင္ပံုေတြကို ေလ့လာ သင္ၾကားေပးခဲ့တာပါ။

ဒါ့အျပင္ ကိုရီးယားနိုင္ငံက အင္ဂ်င္နီယာေတြ ကိုယ္တိုင္ လာေရာက္ၿပီး  ထပ္မံသင္ၾကားေပးေနတာ ျဖစ္သလုိ ကားေတြကို ျပည္တြင္းအသံုးျပဳရံု မကပဲ ျပည္ပ တင္ပို႔ နိုင္ေအာင္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္ ။

Soundbite –    ေဒါက္တာ ေက်ာ္ေက်ာ္ေအာင္(Managing Director)

                      Daewoo Bus Myanmar

ကမၻာ႔ CNGကားေစ်းကြက္မွာ နွစ္၂၀ေက်ာ္ၾကာ အဓိကေနရာကပါ၀င္ခဲ့တဲ့ Daewoo Company က ျမန္မာနိုင္ငံမွာ ၂၀၁၇ ခုနွစ္ မတ္လက စတင္ၿပီး နိုင္ငံေတာ္ အစိုးရဆီက ေျမကြက္ငွားရမ္းၿပီး စက္ရံု တည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္ ။

မြန်မာနိုင်ငံကို ကားကုမ္ပဏီတွေ လာရောက်ဖွင့်လှစ်တဲ့အတွက် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်မှာ ဖြစ်တယ်လို့ Daewoo Bus Myanmar က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် သော်တာတိုးက ပေးပို့ထားပါတယ် ။


လက်ရှိမှာ ဒေဝူးစီးတီးဘတ်စ်နဲ့ လက်စ်တာ မီနီဘတ်စ်နှစ်မျိုးကို တစ်နှစ် အစီး ၅၀ဝ ထုတ်လုပ်သွားမှာ ဖြစ်တာကြောင့် ပြည်တွင်းက အလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိနိုင်မှာ ဖြစ်ကြောင်း Daewoo Bus Myanmar က တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။


ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ထောက်ကြန့်မြို့နယ်က Daewoo စက်ရုံမှာ ကားအမျိုးအစား ၂ မျိုး တပ်ဆင်ထုတ်လုပ်တဲ့ အကြောင်းကို မိတ်ဆက်ခဲ့တာပါ။


Soundbite – ဦးကိုကိုလွင်(အမြဲတမ်းအတွင်းဝန်)
စက်မှုဝန်ကြီးဌာန


Daewoo Myanmar အနေနဲ့ Production Line က အင်ဂျင်နီယာတွေကို ကိုရီးယားနိုင်ငံကို ပညာတော်သင်စေလွှတ်ပြီး Bus ကား တပ်ဆင်ပုံတွေကို လေ့လာ သင်ကြားပေးခဲ့တာပါ။
ဒါ့အပြင် ကိုရီးယားနိုင်ငံက အင်ဂျင်နီယာတွေ ကိုယ်တိုင် လာရောက်ပြီး ထပ်မံသင်ကြားပေးနေတာ ဖြစ်သလို ကားတွေကို ပြည်တွင်းအသုံးပြုရုံ မကပဲ ပြည်ပ တင်ပို့ နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ။


Soundbite – ဒေါက်တာ ကျော်ကျော်အောင်(Managing Director)
Daewoo Bus Myanmar


ကမ္ဘာ့ CNGကားဈေးကွက်မှာ နှစ်၂၀ကျော်ကြာ အဓိကနေရာကပါဝင်ခဲ့တဲ့ Daewoo Company က မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် မတ်လက စတင်ပြီး နိုင်ငံတော် အစိုးရဆီက မြေကွက်ငှားရမ်းပြီး စက်ရုံ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။