ျပည္ခုိင္ၿဖိဳးပါတီက တင္သြင္းတဲ့ ေျခဥ ျပင္ဆင္ေရးမူၾကမ္းကုိ ၄၅ ဦး ေကာ္မတီရဲ႕ လုပ္ငန္းစဥ္မွာ ထည့္သြင္းမယ္

0
66

ျပည္ေထာင္စု ႀကံ႕ခုိင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (ျပည္ခိုင္ၿဖိဳးပါပတီ) က လႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာ ေမာင္သင္း ဦးေဆာင္တင္ျပတဲ့ ဖြဲ႔စည္းပံု အေျခခံဥပေဒ ျပင္ဆင္ေရး ဥပေဒမူၾကမ္းကို အမ်ဳိးသားဒီမုိကေရစီ အဖြဲ႔ခ်ဳပ္ (NLD) က ဦးေဆာင္တဲ့ ေျခဥ ျပင္ဆင္ေရး ၄၅ ဦးေကာ္မတီရဲ႕ လုပ္ငန္းစဥ္အတြင္း ပူးတြဲ ေဆာင္ရြက္နုိင္ဖို႔ လႊတ္ေတာ္က အတည္ျပဳခဲ့ပါတယ္။

ဒီကေန႔ စက္တင္ဘာလ ၄ ရက္ေန႔မွာ က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတ္ာ အစည္းအေ၀းမွာ မိတၱီလာ မဲဆႏၵနယ္က ကိုယ္စားလွယ္ ေဒါက္တာ ေမာင္သင္း အပါအဝင္ ျပည္ေထာင္စု လႊတ္ေတာ္ ကိုယ္စားလွယ္ ၁၄၅ ဦး တင္ျပထားတဲ့ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္တဲ့ ဥပေဒမူၾကမ္းကုိ စက္ခလုတ္ႏွိပ္ၿပီး မဲခြဲဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

အဲဒီလုိ မဲခြဲဆုံးျဖတ္ရာမွာ ေထာက္ခံဆႏၵမဲ ၃၇၆ မဲ၊ ကန္႔ကြက္မဲ ၂၀၃ မဲနဲ႔ ၾကားေန ၄ မဲရွိခဲ့တာျဖစ္ၿပီး  ေထာက္ခံဆႏၵမဲ မ်ားတဲ့အတြက္ ေျခဥ ျပင္ဆင္ေရး ၄၅ ဦး ေကာ္မတီမွာ ထည့္သြင္းဖို႔ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲဒီလို ေဆာင္ရြက္ရာမွာ ဖြဲ႔စည္းပုံဥပေဒ လႊတ္ေတာ္ဆုိင္ရာ ဥပေဒ၊ နည္းဥပေဒေတြနဲ႔ညီျခင္း၊ မညီျခင္း၊ ကန္႔ကြက္ျခင္း၊ မကန္႔ကြက္ျခင္းေတြဟာ နာယကတစ္ဦး ေဆာင္ရြက္ျခင္း မဟုတ္ဘဲ လႊတ္ေတာ္ရဲ႕ အဆုံးအျဖတ္သာျဖစ္တယ္လုိ႔ ဦးတီခြန္ျမတ္က  ေျပာၾကားခဲ့ပါတယ္။

ပြည်ခိုင်ဖြိုးပါတီက တင်သွင်းတဲ့ ခြေဥ ပြင်ဆင်ရေးမူကြမ်းကို ၄၅ ဦး ကော်မတီရဲ့ လုပ်ငန်းစဉ်မှာ ထည့်သွင်းမယ်


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါပတီ) က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း ဦးဆောင်တင်ပြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဦးဆောင်တဲ့ ခြေဥ ပြင်ဆင်ရေး ၄၅ ဦးကော်မတီရဲ့ လုပ်ငန်းစဉ်အတွင်း ပူးတွဲ ဆောင်ရွက်နိုင်ဖို့ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။


ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မိတ္တီလာ မဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း အပါအဝင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို စက်ခလုတ်နှိပ်ပြီး မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


အဲဒီလို မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံဆန္ဒမဲ ၃၇၆ မဲ၊ ကန့်ကွက်မဲ ၂၀၃ မဲနဲ့ ကြားနေ ၄ မဲရှိခဲ့တာဖြစ်ပြီး ထောက်ခံဆန္ဒမဲ များတဲ့အတွက် ခြေဥ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီမှာ ထည့်သွင်းဖို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလို ဆောင်ရွက်ရာမှာ ဖွဲ့စည်းပုံဥပဒေ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ညီခြင်း၊ မညီခြင်း၊ ကန့်ကွက်ခြင်း၊ မကန့်ကွက်ခြင်းတွေဟာ နာယကတစ်ဦး ဆောင်ရွက်ခြင်း မဟုတ်ဘဲ လွှတ်တော်ရဲ့ အဆုံးအဖြတ်သာဖြစ်တယ်လို့ ဦးတီခွန်မြတ်က ပြောကြားခဲ့ပါတယ်။