
0
40



ပြင်ဦးလွင်ရှိ စေတလုံးကျေးရွာ အနီးမှာ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ နယ်၊ စေတလုံး ကျေးရွာနေ ဦးအောင်နိုင် ဝင်းဟာ စက်တင်ဘာ ၁၀ ရက် ညနေ ပိုင်းက သူပိုင်ဆိုင်တဲ့ တောင်ယာခင်းအတွင်း တောင်ယာ လုပ်ကိုင်နေစဉ် အလျား ၁၇ လက်မ၊ လုံးပတ် ၄ လက်မရှိ ဗုံးသီးဟောင်း တစ်လုံးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဗုံးတစ်လုံးတွေ့ရှိကြောင်း သတင်းပေးချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးပြီး သယ်ဆောင်ရန် အခက်အခဲ ရှိတာကြောင့် ဗုံးသီးဟောင်းကို လုပ်ထုံးလုပ်နည်း နှင့်အညီဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ထားပါတယ်။