“ျပင္သစ္ ပင့္ကူလူသား” ေဟာင္ေကာင္ တာဝါေပၚကို ၿငိမ္းခ်မ္းေရး သ႐ုပ္ေဖာ္အလံနဲ႔ တက္ေရာက္

0
33

“ျပင္သစ္ ပင့္ကူလူသား” လို႔ လူသိမ်ားတဲ့ အလိုင္ယန္ ေရာဘတ္ဟာ တ႐ုတ္နဲ႔ ေဟာင္ေကာင္ၾကား ရင္ၾကားေစ့ေရး သ႐ုပ္ေဖာ္ထားတဲ့ အလံနဲ႔ ေဟာင္ေကာင္ တာဝါေပၚကို ဒီေန႔ ၾသဂုတ္လ ၁၆ ရက္မွာ တက္ေရာက္ခဲ့ပါတယ္။

ေဟာင္ေကာင္ၿမိဳ႕လယ္ရွိ အထပ္ ၆၈ ထပ္ရွိ ခ်ီအြန္ ေကာင္ စင္တာကို တက္ေရာက္ၿပီး တ႐ုတ္နဲ႔ ေဟာင္ေကာင္အလံအျပင္ လက္ဆြဲႏႈတ္ဆက္ေနတဲ့ သ႐ုပ္ေဖာ္ပံုပါ အလံကို ခ်ိတ္ဆြဲခဲ့ပါတယ္။ အသက္ ၅၇ ႏွစ္အရြယ္ ပင့္ကူလူသားဟာ အထိအခိုက္မရွိ တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ ဖမ္းဆီးခံခဲ့ရပါတယ္။ ျပင္သစ္ ပင့္ကူလူသားကို ေဟာင္ေကာင္မွာ အထပ္ျမင့္ အေဆာက္အဦေတြေပၚ တက္ေရာက္ခြင့္ မႏွစ္က ပိတ္ပင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ သီတင္းႏွစ္ပတ္မွာ သက္တမ္းကုန္ဆံုးခဲ့ပါတယ္။

ဒီမိုကေရစီ ေထာက္ခံတဲ့ ဆႏၵျပပြဲေတြ ျဖစ္ေနတာ သီတင္း ၁၀ ပတ္ေက်ာ္ ၾကာလာခဲ့ၿပီးေနာက္ ျပင္သစ္ ပင့္ကူလူသား ေရာဘတ္က ေဟာင္ေကာင္ တာဝါေပၚ တက္ေရာက္ခဲ့တာပါ။

“ပြင်သစ် ပင့်ကူလူသား” ဟောင်ကောင် တာဝါပေါ်ကို ငြိမ်းချမ်းရေး သရုပ်ဖော်အလံနဲ့ တက်ရောက်


“ပြင်သစ် ပင့်ကူလူသား” လို့ လူသိများတဲ့ အလိုင်ယန် ရောဘတ်ဟာ တရုတ်နဲ့ ဟောင်ကောင်ကြား ရင်ကြားစေ့ရေး သရုပ်ဖော်ထားတဲ့ အလံနဲ့ ဟောင်ကောင် တာဝါပေါ်ကို ဒီနေ့ သြဂုတ်လ ၁၆ ရက်မှာ တက်ရောက်ခဲ့ပါတယ်။


ဟောင်ကောင်မြို့လယ်ရှိ အထပ် ၆၈ ထပ်ရှိ ချီအွန် ကောင် စင်တာကို တက်ရောက်ပြီး တရုတ်နဲ့ ဟောင်ကောင်အလံအပြင် လက်ဆွဲနှုတ်ဆက်နေတဲ့ သရုပ်ဖော်ပုံပါ အလံကို ချိတ်ဆွဲခဲ့ပါတယ်။ အသက် ၅၇ နှစ်အရွယ် ပင့်ကူလူသားဟာ အထိအခိုက်မရှိ တက်ရောက်နိုင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ပြင်သစ် ပင့်ကူလူသားကို ဟောင်ကောင်မှာ အထပ်မြင့် အဆောက်အဦတွေပေါ် တက်ရောက်ခွင့် မနှစ်က ပိတ်ပင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။
ဒီမိုကရေစီ ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ဖြစ်နေတာ သီတင်း ၁၀ ပတ်ကျော် ကြာလာခဲ့ပြီးနောက် ပြင်သစ် ပင့်ကူလူသား ရောဘတ်က ဟောင်ကောင် တာဝါပေါ် တက်ရောက်ခဲ့တာပါ