ေ႐ႊဝါေရာင္အေရးအခင္းတုန္းက ေတာင္းဆိုခ်က္ေတြမရေသးလို႔ ဆက္တိုက္ပြဲဝင္ဖို႔ မိန္႔ၾကား

0
56

ေရႊဝါေရာင္ သံဃာ့အေရးအခင္းက ေတာင္းဆိုထားတဲဲဲ႔ ေတာင္းဆိုခ်က္ေတြ မရေသးတဲ႔အတြက္ ဆက္လက္တိုက္ပြဲဝင္ၾကဖို႔ ေရႊဝါေရာင္ဆရာေတာ္တစ္ပါးက မိန္႔ၾကား လိုက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ အာကာထက္က ေပးပို႕ထားပါတယ္။

ေရႊ၀ါေရာင္ေတာ္လွန္ေရးတုန္းက ကုန္ေစ်းႏႈန္းျမင့္တက္တာေတြကိုေလွ်ာ့ခ်ေပးဖို႔၊ ျပည္သူလူထုရဲ႕ အေထြေထြ အက်ပ္အတည္းကိုေျဖရွင္းဖို႔အတြက္ အမ်ဳိးသားျပန္ လည္သင့္ျမတ္ေရးကို ခ်က္ခ်င္းျပဳလုပ္ေပးဖို႕နဲ႔ ဒီမိုကေရစီစနစ္ ထြန္းကားဖို႔ စတဲ့ေတာင္းဆိုခ်က္ေတြကို ေတာင္းဆိုခဲ့ေပမယ့္ ဒီေန႕အခ်ိန္အထိမျပည့္၀ေသးတဲ့အတြက္ ေရႊ၀ါေရာင္ေတာ္လွန္ေရး ဦးေဆာင္ဆရာေတာ္ ဦးစႏၵာသီရိက မိန္႔ၾကားခဲဲဲဲဲဲဲ႔ပါတယ္။

စက္တင္ဘာလ ၁၈ ရက္ေန႔က ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ သာဓုေက်ာင္းတိုက္၊ ဆရာေတာ္ႀကီးေက်ာင္းမွာ ႏိုင္ငံလံုးဆိုင္ရာ ေရႊ၀ါေရာင္ေတာ္လွန္ေရးေန႔ ၁၂ ႏွစ္ေျမာက္အခမ္းအနားကိုျပဳလုပ္ခဲ့တာပါ။

Soundbite – ဦးစႏၵာသီရိ

ေရႊ၀ါေရာင္ေတာ္လွန္ေရး ဦးေဆာင္ဆရာေတာ္

ဒါ့အျပင္ ဒီမိုကေရစီစနစ္ ထြန္းကားေရးအတြက္ တပ္မေတာ္အစိုးရလက္ထက္ ေရးဆြဲထားတဲ႔ ၂၀၀၈ ဖြဲ႔စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ဖို႔ လိုအပ္ေနတာေၾကာင့္ NLD အစိုးရက လႊတ္ေတာ္အတြင္း ဖြဲ႕စည္းပံုျပင္ဆင္ေရးကို ေဆာင္ရြက္ေနတာေၾကာင့္ ျပည္သူလူထုက၀ိုင္း၀န္းေထာက္ပံ့ေပးဖို႕လိုတယ္လို႕လည္းေျပာပါတယ္။

Soundbite – ဦးစႏၵာသီရိ

ေရႊ၀ါေရာင္ေတာ္လွန္ေရး ဦးေဆာင္ဆရာေတာ္

ေရႊ၀ါေရာင္ေတာ္လွန္ေရးေန႔ ၁၂ ႏွစ္ေျမာက္အခမ္းအနားမွာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး၊ တစ္ႏုိင္ငံလုံး စစ္ပြဲေတြရပ္စဲၿပီး၊ ၿငိမ္းခ်မ္းေရးတည္ေဆာက္ေရး၊ ဘာသာေရးကုိ ခုတုံးလုပ္ ႏုိင္ငံေရး အက်ဳိးအျမတ္အတြက္ အသုံးခ်ခံရတာေတြကို ၀ုိင္းဝန္းကာကြယ္ေစာင့္ေရွာက္ေရး စတဲ့ ရည္ရြယ္ခ်က္ေတြျပဳလုပ္ခဲ့တာျဖစ္ပါတယ္ ခင္ဗ်ာ။

ရွှေဝါရောင် သံဃာ့အရေးအခင်းက တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေ မရသေးတဲ့အတွက် ဆက်လက်တိုက်ပွဲဝင်ကြဖို့ ရွှေဝါရောင်ဆရာတော်တစ်ပါးက မိန့်ကြား လိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အာကာထက်က ပေးပို့ထားပါတယ်။

ရွှေဝါရောင်တော်လှန်ရေးတုန်းက ကုန်ဈေးနှုန်းမြင့်တက်တာတွေကိုလျှော့ချပေးဖို့၊ ပြည်သူလူထုရဲ့ အထွေထွေ အကျပ်အတည်းကိုဖြေရှင်းဖို့အတွက် အမျိုးသားပြန် လည်သင့်မြတ်ရေးကို ချက်ချင်းပြုလုပ်ပေးဖို့နဲ့ ဒီမိုကရေစီစနစ် ထွန်းကားဖို့ စတဲ့တောင်းဆိုချက်တွေကို တောင်းဆိုခဲ့ပေမယ့် ဒီနေ့အချိန်အထိမပြည့်ဝသေးတဲ့အတွက် ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားခဲ့ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့က ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်၊ ဆရာတော်ကြီးကျောင်းမှာ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ ၁၂ နှစ်မြောက်အခမ်းအနားကိုပြုလုပ်ခဲ့တာပါ။

Soundbite – ဦးစန္ဒာသီရိ
ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော်

ဒါ့အပြင် ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် တပ်မတော်အစိုးရလက်ထက် ရေးဆွဲထားတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်နေတာကြောင့် NLD အစိုးရက လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆောင်ရွက်နေတာကြောင့် ပြည်သူလူထုကဝိုင်းဝန်းထောက်ပံ့ပေးဖို့လိုတယ်လို့လည်းပြောပါတယ်။

Soundbite – ဦးစန္ဒာသီရိ
ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော်

ရွှေဝါရောင်တော်လှန်ရေးနေ့ ၁၂ နှစ်မြောက်အခမ်းအနားမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တစ်နိုင်ငံလုံး စစ်ပွဲတွေရပ်စဲပြီး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ဘာသာရေးကို ခုတုံးလုပ် နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချခံရတာတွေကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရေး စတဲ့ ရည်ရွယ်ချက်တွေပြုလုပ်ခဲ့တာဖြစ်ပါတယ် ခင်ဗျာ။