
0
705




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောင်းမြ ကြိုးတံတား ပြတ်ကျရာမှာ သေဆုံးသူ ၂ ဦးရဲ့ မိသားစုဝင်တွေကို ကျပ် ၂၆ သိန်းစီ ထောက်ပံ့

ဧရာဝတီတိုင်း၊ မြောင်းမြကြိုးတံတား ပြတ်ကျရာမှာ အသက်သေဆုံးခဲ့ရတဲ့ ကိုသန့်ဇော်ထိုက် (ခ) ကိုမဲကြီး နဲ့ ကိုအငယ်ကောင်တို့ရဲ့ ကျန်ရစ်သူ မိသားစုတွေကို အလှူငွေကျပ် ၂၆ သိန်းစီ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ထောက်ပံ့ကြေးအနေနဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ် ၃ သိန်းစီ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ငွေကျပ် ၃ သိန်းစီနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုက သက်ပျောက်ဆွမ်းကျွေးတွေအပြင် စုပေါင်းအလှူငွေကျပ် သိန်း ၂၀၊ စုစုပေါင်း ငွေကျပ် ၂၆ သိန်းစီ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲ ကူညီထောက်ပံ့မှုတွေလည်း ဆက်လက် လုပ်ဆောင်သွားဖို့ ရှိကြောင်း မြောင်းမြခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပြောပါတယ်။