ေျမာက္ဦးအဓိက႐ုဏ္းကိစၥ လႊတ္ေတာ္စံုစမ္းစစ္ေဆးေရးေကာ္မ႐ွင္ရဲ႕ လုပ္ငန္းစဥ္ေတြကို ယာယီဆိုင္းငံ့(႐ုပ္/သံ)

0
1023

ေျမာက္ဦးအဓိက႐ုဏ္းကိစၥ လႊတ္ေတာ္စံုစမ္းစစ္ေဆးေရးေကာ္မ႐ွင္ရဲ႕ လုပ္ငန္းစဥ္ေတြကို ယာယီဆိုင္းငံ့လိုက္ပါတယ္။ ဒီသတင္းကို MCN ရခုိင္ျပည္နယ္ သတင္းေထာက္ မင္းမ်ိဳးႏြယ္က ေပးပို႔ထားပါတယ္။

ဇန္နဝါရီလ ၁၆ ရက္ေန႔ကျဖစ္ပြားခဲ့တဲ့ ေျမာက္ဦးအဓိက႐ုဏ္းပြားခဲ့မႈနဲ႔ပတ္သက္ၿပီးေတာ့ ရခုိင္ျပည္နယ္ လႊတ္ေတာ္က ဖြဲ႔စည္းတာဝန္ေပးအပ္ထားတဲ့ စံုစမ္းစစ္ေဆးေရးေကာ္မ႐ွင္ရဲ႕ လုပ္ငန္းစဥ္ေတြကို ယာယီဆုိင္းငံလိုက္ပါတယ္။

အခုလိုမ်ိဳး ေကာ္မတီအေနနဲ႔ စံုစမ္းစစ္ေဆးေရးလုပ္ငန္းေတြကို ေဆာင္႐ြက္ႏုိင္ျခင္းမ႐ွိဘဲ ဆိုင္းငံ့ထားတာဟာ ေျမာက္ဦးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးေဟာင္း ဦးဘိုဘိုမင္းသိုက္ သတ္ျဖတ္ခံလိုက္ရတဲ့ေနာက္ပိုင္းမွာ အေျခအေနေတြ ႐ႈပ္ေထြးေနတဲ့အတြက္ ယာယီဆုိင္းငံ့ထားတာျဖစ္ပါတယ္။

Soundbite – ဦးေအာင္ဝင္း (ဥကၠဌ)
ရခုို္င္ျပည္နယ္လႊတ္ေတာ္ စံုစမ္းစစ္ေဆးေရးေကာ္မတီ

ဒါ့အျပင္ လက္႐ွိမွာေကာ္မတီေတြအေနနဲ႔ လုပ္ငန္းစဥ္ေတြကို ယာယီဆုိင္းငံ့ထားေပမယ့္ ေကာ္မတီရဲ႕လုပ္ငန္းေတြကိုေတာ့ လုပ္ေဆာင္ေနျပီး လိုအပ္လာပါက သက္ဆိုင္သူေတြကို ေခၚယူစစ္ေဆးမႈေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

Soundbite – ဦးေအာင္ဝင္း (ဥကၠဌ)
ရခုို္င္ျပည္နယ္လႊတ္ေတာ္ စံုစမ္းစစ္ေဆးေရးေကာ္မတီ

လႊတ္ေတာ္စံုစမ္းစစ္ေဆးေရးေကာ္မ႐ွင္ရဲ႕ စစ္ေဆးေတြ႔႐ွိခ်က္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ျဖစ္စဥ္အေပၚမွာ တာဝန္႐ွိသူေတြကို ဥပေဒအရေရးယူေဆာင္႐ြက္ႏုိင္ေရးအတြက္ လႊတ္ေတာ္အေနနဲ႔ ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္လႊတ္ေတာ္က ေျပာၾကားထားပါတယ္ ခင္ဗ်ား။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မြောက်ဦးအဓိကရုဏ်းကိစ္စ လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကို ယာယီဆိုင်းငံ့လိုက်ပါတယ်။ ဒီသတင်းကို MCN ရခိုင်ပြည်နယ် သတင်းထောက် မင်းမျိုးနွယ်က ပေးပို့ထားပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မြောက်ဦးအဓိကရုဏ်းပွားခဲ့မှုနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ် လွှတ်တော်က ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကို ယာယီဆိုင်းငံလိုက်ပါတယ်။

အခုလိုမျိုး ကော်မတီအနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ထားတာဟာ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် သတ်ဖြတ်ခံလိုက်ရတဲ့နောက်ပိုင်းမှာ အခြေအနေတွေ ရှုပ်ထွေးနေတဲ့အတွက် ယာယီဆိုင်းငံ့ထားတာဖြစ်ပါတယ်။

Soundbite – ဦးအောင်ဝင်း (ဥက္ကဌ)
ရခို်ုင်ပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီ

ဒါ့အပြင် လက်ရှိမှာကော်မတီတွေအနေနဲ့ လုပ်ငန်းစဉ်တွေကို ယာယီဆိုင်းငံ့ထားပေမယ့် ကော်မတီရဲ့လုပ်ငန်းတွေကိုတော့ လုပ်ဆောင်နေပြီး လိုအပ်လာပါက သက်ဆိုင်သူတွေကို ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Soundbite – ဦးအောင်ဝင်း (ဥက္ကဌ)
ရခို်ုင်ပြည်နယ်လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မတီ

လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်စဉ်အပေါ်မှာ တာဝန်ရှိသူတွေကို ဥပဒေအရရေးယူဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်အနေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ပြောကြားထားပါတယ် ခင်ဗျား။