ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ လုပ္ငန္းစဥ္ေတြကို G7 ေထာက္ခံ

0
33

အေမရိကန္နဲ႔ ေျမာက္ကိုရီးယားတို႔ ေဆာင္႐ြက္ေနတဲ့ လုပ္ငန္းစဥ္ေတြကို ေထာက္ခံဖို႔ G7 ႏိုင္ငံေခါင္းေဆာင္ေတြက သေဘာတူခဲ့တယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇို အာေဘး ေျပာပါတယ္။

ေျမာက္ကိုရီးယားအေရးနဲ႔ ပတ္သက္ၿပီး အေမရိကန္ – ေျမာက္ကိုရီးယားတို႔ရဲ႕ လုပ္ငန္းစဥ္ကို ေထာက္ခံသြားဖို႔နဲ႔ ကိုရီးယားကြၽန္းဆြယ္မွာ ႏ်ဴကလီးယား ကင္းစင္ေရးကို ဆက္လက္လုပ္ေဆာင္သြားဖို႔ ေခါင္းေဆာင္ေတြက သေဘာတူခဲ့တယ္လို႔ ဂ်ပန္၀န္ၾကီးခ်ဳပ္က ေျပာပါတယ္။

ေျမာက္ကိုရီးယားက အတင္းအဓမၼ ဖမ္းဆီးေခၚေဆာင္သြားတဲ့ ဂ်ပန္ႏိုင္ငံသားေတြ အေရးကိစၥအေပၚ နားလည္မႈနဲ႔ ေထာက္ခံမႈကို ေခါင္းေဆာင္အားလုံးဆီက ရရွိႏိုင္ခဲ့တယ္လို႔လည္း ၀န္ႀကီးခ်ဳပ္ အာေဘးက ေျပာပါတယ္။ စီးပြားေရးအပိုင္းမွာလည္း အက်ဘက္ဦးတည္တဲ့ အႏၲရာယ္ကို ျပည့္စုံတဲ့နည္းလမ္းေတြနဲ႔ ေျဖရွင္းဖို႔ ေခါင္းေဆာင္ေတြက သေဘာတူခဲ့ၾကပါတယ္။

မြောက်ကိုရီးယားနဲ့ အမေရိကန် လုပ်ငန်းစဉ်တွေကို G7 ထောက်ခံ

အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို ထောက်ခံဖို့ G7 နိုင်ငံခေါင်းဆောင်တွေက သဘောတူခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး ပြောပါတယ်။

မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန် – မြောက်ကိုရီးယားတို့ရဲ့ လုပ်ငန်းစဉ်ကို ထောက်ခံသွားဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင်ရေးကို ဆက်လက်လုပ်ဆောင်သွားဖို့ ခေါင်းဆောင်တွေက သဘောတူခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

မြောက်ကိုရီးယားက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဂျပန်နိုင်ငံသားတွေ အရေးကိစ္စအပေါ် နားလည်မှုနဲ့ ထောက်ခံမှုကို ခေါင်းဆောင်အားလုံးဆီက ရရှိနိုင်ခဲ့တယ်လို့လည်း ဝန်ကြီးချုပ် အာဘေးက ပြောပါတယ်။ စီးပွားရေးအပိုင်းမှာလည်း အကျဘက်ဦးတည်တဲ့ အန္တရာယ်ကို ပြည့်စုံတဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။