ေျမာက္ကိုရီးယားဆီက လက္နက္ ဝယ္ယူမႈ ျမန္မာကို ၾသစေၾတးလ် ေဝဖန္

0
3041

ေျမာက္ကိုရီးယား ႏိုင္ငံကေန ပဲ့ထိန္းဒံုးက်ည္ နည္းပညာေတြ လက္ခံရရွိမႈ အေပၚ ျမန္မာႏိုင္ငံကို ၾသစေၾတးလ် အစိုးရက ေဝဖန္လိုက္ပါတယ္။

ပဲ့ထိန္းဒံုးက်ည္ေတြကို ျမန္မာက ေျမာက္ကိုရီးယားကေန ဝယ္ယူေၾကာင္း အစီရင္ခံစာနဲ႔ ပတ္သက္လို႔ ၾသစေၾတးလ် အစိုးရအေနနဲ႔ စိုးရိမ္ပူပန္ေၾကာင္း၊ ေျမာက္ကိုရီးယားရဲ႕ ဥပေဒမဲ့ လက္နက္ အစီအစဥ္ေတြအတြက္လည္း ျဖစ္ႏိုင္သမွ် အျပင္းထန္ဆံုး စကားလံုးေတြနဲ႔ ျပစ္တင္လိုေၾကာင္း ၾသစေၾတးလ် ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာခြင့္ရသူက ေျပာပါတယ္။

ဒါေပမယ့္ ၾသစေၾတးလ် ကာကြယ္ေရး တပ္က ျမန္မာတပ္မေတာ္ကို ေပးေနတဲ့ သင္တန္းေတြနဲ႔ ေထာက္ပံ့မႈေတြကိုေတာ့ ျဖတ္ေတာက္ဖို႔ အစီအစဥ္မရွိဘူးလို႔ ေျပာခြင့္ရသူက ေျပာပါတယ္။

မန္မာနဲ႔ ဆီးရီးယားကို လက္နက္ ေရာင္းခ်မႈ အပါအဝင္ ေျမာက္ကိုရီးယားက ပိတ္ဆို႔အေရးယူမႈေတြ ရွိတဲ့ၾကားက အေမရိကန္ေဒၚလာ သန္း ၂၀၀ ရရွိခဲ့တယ္လို႔ ဂ်ာနယ္လစ္ေတြဆီ ေပါက္ၾကားလာတဲ့ ကုလသမဂၢရဲ႕ လွ်ိဳ႕ဝွက္ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားဆီက လက်နက် ဝယ်ယူမှု မြန်မာကို သြစတြေးလျ ဝေဖန်

မြောက်ကိုရီးယား နိုင်ငံကနေ ပဲ့ထိန်းဒုံးကျည် နည်းပညာတွေ လက်ခံရရှိမှု အပေါ် မြန်မာနိုင်ငံကို သြစတြေးလျ အစိုးရက ဝေဖန်လိုက်ပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေကို မြန်မာက မြောက်ကိုရီးယားကနေ ဝယ်ယူကြောင်း အစီရင်ခံစာနဲ့ ပတ်သက်လို့ သြစတြေးလျ အစိုးရအနေနဲ့ စိုးရိမ်ပူပန်ကြောင်း၊ မြောက်ကိုရီးယားရဲ့ ဥပဒေမဲ့ လက်နက် အစီအစဉ်တွေအတွက်လည်း ဖြစ်နိုင်သမျှ အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ပြစ်တင်လိုကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမယ့် သြစတြေးလျ ကာကွယ်ရေး တပ်က မြန်မာတပ်မတော်ကို ပေးနေတဲ့ သင်တန်းတွေနဲ့ ထောက်ပံ့မှုတွေကိုတော့ ဖြတ်တောက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောခွင့်ရသူက ပြောပါတယ်။

မြန်မာနဲ့ ဆီးရီးယားကို လက်နက် ရောင်းချမှု အပါအဝင် မြောက်ကိုရီးယားက ပိတ်ဆို့အရေးယူမှုတွေ ရှိတဲ့ကြားက အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ရရှိခဲ့တယ်လို့ ဂျာနယ်လစ်တွေဆီ ပေါက်ကြားလာတဲ့ ကုလသမဂ္ဂရဲ့ လျှို့ဝှက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။