ေျမာက္ကိုရီးယားက ေျမေအာက္ ဥမင္လုိဏ္ေခါင္း ႏွစ္ခုတူးေန

0
49

ေလ့လာစမ္းစစ္ခ်က္ေတြအရ ေျမာက္ကိုရီးယား ညြန္ေျဗာင္း  ႏ်ဴကလီးယား စက္ရံုထဲမွာ အမ်ိဳးအမည္မသိ ေျမေအာက္ အေဆာက္အအုံ ႏွစ္ခုရွိတယ္လို႔ အေမရိကန္ သုေတသနအဖြဲ႕က ေျပာပါတယ္။

ၿဂိဳဟ္တုကေနရရွိတဲ့ ဓာတ္ပုံေတြကို အေျခခံထားတဲ့ ေလ့လာစမ္းစစ္ခ်က္ကို ၾကာသပေတးေန႔မွာ အေမရိကန္ သုေတသနအဖြဲ႔  38 North အဖြဲ႕က ျပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္လိုက္ပါတယ္။ ေျမေအာက္အေဆာက္အအုံတစ္ခုဟာ စမ္းသပ္ န်ဴကလီးယားဓာတ္ေပါင္းဖိုနဲ႔ ျမစ္တစ္ဖက္ကမ္းမွာ တည္ရွိၿပီး ေျမေအာက္ဥမင္လမ္းနဲ႔ ဆက္သြယ္နိုင္တယ္လို႔ အဲဒီအဖြဲ႕က ဆိုပါတယ္။

ေနာက္ထပ္ အေဆာက္အအုံတစ္ခုကေတာ့ စြန႔္ပစ္ထားတဲ့ န်ဴကလီးယားဓာတ္ေပါင္းဖိုရဲ့ ေဘးကပ္လ်က္ အဝန္းအဝိုင္းထဲမွာ ရွိတယ္လို႔ ဆိုပါတယ္။ လၽွပ္စစ္လိုင္းတစ္ခုက ဥမင္လမ္း အဝင္ေပါက္ကို ဆက္သြယ္ထားတယ္လို႔ ယူဆရတဲ့အတြက္ အထဲမွာ လၽွပ္စစ္ပစၥည္းတစ္မ်ိဳးမ်ိဳး ရွိနိုင္တယ္လို႔ ညႊန္ျပေနပါတယ္။

မြောက်ကိုရီးယားက မြေအောက် ဥမင်လိုဏ်ခေါင်း နှစ်ခုတူးနေ

လေ့လာစမ်းစစ်ချက်တွေအရ မြောက်ကိုရီးယား ညွန်ဗြောင်း နျူကလီးယား စက်ရုံထဲမှာ အမျိုးအမည်မသိ မြေအောက် အဆောက်အအုံ နှစ်ခုရှိတယ်လို့ အမေရိကန် သုတေသနအဖွဲ့က ပြောပါတယ်။

ဂြိုဟ်တုကနေရရှိတဲ့ ဓာတ်ပုံတွေကို အခြေခံထားတဲ့ လေ့လာစမ်းစစ်ချက်ကို ကြာသပတေးနေ့မှာ အမေရိကန် သုတေသနအဖွဲ့ 38 North အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ မြေအောက်အဆောက်အအုံတစ်ခုဟာ စမ်းသပ် နျူကလီးယားဓာတ်ပေါင်းဖိုနဲ့ မြစ်တစ်ဖက်ကမ်းမှာ တည်ရှိပြီး မြေအောက်ဥမင်လမ်းနဲ့ ဆက်သွယ်နိုင်တယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

နောက်ထပ် အဆောက်အအုံတစ်ခုကတော့ စွန့်ပစ်ထားတဲ့ နျူကလီးယားဓာတ်ပေါင်းဖိုရဲ့ ဘေးကပ်လျက် အဝန်းအဝိုင်းထဲမှာ ရှိတယ်လို့ ဆိုပါတယ်။ လျှပ်စစ်လိုင်းတစ်ခုက ဥမင်လမ်း အဝင်ပေါက်ကို ဆက်သွယ်ထားတယ်လို့ ယူဆရတဲ့အတွက် အထဲမှာ လျှပ်စစ်ပစ္စည်းတစ်မျိုးမျိုး ရှိနိုင်တယ်လို့ ညွှန်ပြနေပါတယ်။