ေျမာက္ကိုရီးယားက ေဆာင္းရာသီ အိုလံပစ္ပြဲအတြက္ အားကစားသမားေတြ ေစလႊတ္မယ္

0
289

 

ေတာင္ကိုရီးယားႏိုင္ငံ၊ ၿပံဳခ်မ္းမွာ က်င္းပမယ့္ ေဆာင္းရာသီ အိုလံပစ္ပြဲကို ေျမာက္ကိုရီးယား အဆင့္ျမင့္အရာရွိေတြ၊ အားကစားအဖြဲ႔ေတြနဲ႔ အကအဖြဲ႔ေတြ ေစလႊတ္လိမ့္မယ္လို႔ ေတာင္ကိုရီးယားက ေျပာပါတယ္။

ေတာင္နဲ႔ ေျမာက္ကိုရီးယား အၾကား ၂ ႏွစ္အတြင္း ပထမဆံုးအႀကိမ္ က်င္းပတဲ့ ဒီေန႔ ဇန္နဝါရီ ၉ ရက္ေန႔ ေဆြးေႏြးပြဲအၿပီး အခုလို ေျပာလိုက္တာ ျဖစ္ပါတယ္။

ကိုရီးယား ကြ်န္းဆြယ္မွာ တင္းမာမႈေတြ ေလွ်ာ့ခ်ဖို႔ ကိုရီးယား စစ္တပ္ႏွစ္တပ္ ေဆြးေႏြးေရး၊ ႏွစ္ႏိုင္ငံက မိသားစု ျပန္လည္ ေပါင္းစည္းေရးတို႔ကို အဆိုျပဳခဲ့တယ္လို႔ ေတာင္ကိုရီးယား ျပန္လည္ ေပါင္းစည္းေရး ဒုဝန္ႀကီး ခြ်န္ေဟဆြန္းက ေျပာပါတယ္။ ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ ဖြင့္ပြဲမွာ ႏွစ္ႏို္င္ငံ အားကစားသမားေတြ အတူခ်ီတက္ဖို႔လည္း ေတာင္ကိုရီးယားက အဆိုျပဳခဲ့ပါေသးတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားက ဆောင်းရာသီ အိုလံပစ်ပွဲအတွက် အားကစားသမားတွေ စေလွှတ်မယ်

တောင်ကိုရီးယားနိုင်ငံ၊ ပြုံချမ်းမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲကို မြောက်ကိုရီးယား အဆင့်မြင့်အရာရှိတွေ၊ အားကစားအဖွဲ့တွေနဲ့ အကအဖွဲ့တွေ စေလွှတ်လိမ့်မယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

တောင်နဲ့ မြောက်ကိုရီးယား အကြား ၂ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ဒီနေ့ ဇန်နဝါရီ ၉ ရက်နေ့ ဆွေးနွေးပွဲအပြီး အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ လျှော့ချဖို့ ကိုရီးယား စစ်တပ်နှစ်တပ် ဆွေးနွေးရေး၊ နှစ်နိုင်ငံက မိသားစု ပြန်လည် ပေါင်းစည်းရေးတို့ကို အဆိုပြုခဲ့တယ်လို့ တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ဒုဝန်ကြီး ချွန်ဟေဆွန်းက ပြောပါတယ်။ ဆောင်းရာသီ အိုလံပစ်ပွဲတော် ဖွင့်ပွဲမှာ နှစ်နိ်ုင်ငံ အားကစားသမားတွေ အတူချီတက်ဖို့လည်း တောင်ကိုရီးယားက အဆိုပြုခဲ့ပါသေးတယ်။