
0
44




မြောက်ကိုရီးယားက ဒုံးကျည်ထပ်မံ စမ်းသပ်


မြောက်ကိုရီးယား နိုင်ငံဟာ ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ဒုံးကျည် နှစ်စင်း စမ်းသပ် ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယား ကြည်းရေလေ ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။


မြောက်ကိုရီးယားဟာ ဒုံးကျည်ကို ဖျောင်ဂန် တောင်ပိုင်းကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နောက်ပိုင်း မြောက်ကိုရီးယားဘက်က ၈ ကြိမ်မြောက် ဒုံးကျည်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။


တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ဘက်တို့ဟာ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုနဲ့ ပတ်သက်လို့ သတင်းအချက်လက် စုဆောင်းနေပါတယ်။ အမေရိကန်နဲ့ ဆွေးနွေးမှုလုပ်ဖို့ လိုလားကြောင်း မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပြီးနောက် မကြာမီမှာပဲ ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။