
0
37




မြောက်ကိုရီးယားက ဒုံးကျည် နှစ်စင်း ထပ်မံပစ်လွှတ်


မြောက်ကိုရီးယားနိုင်ငံဟာ သြဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ဒုံးကျည် နှစ်စင်း ထပ်မံ စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်က ပြောပါတယ်။


အခု ပစ်လွတ်မှုဟာ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် ၆ ကြိမ်မြောက် ပစ်လွှတ်တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအပေါ် သတိပေးတာဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ပြောပါတယ်။


မြောက်ကိုရီးယားနိုင်ငံဟာ တွန်ချွန်မြို့ကနေ ဒုံးကျည်ပစ်လွှတ်ခဲ့ပြီး ဂျပန်ပင်လယ်ထဲကို ကျရောက်ခဲ့တာ ဖြစ်ကြောင်း၊ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် အမျိုးအစားကို မသိသေးကြောင်း တောင်ကိုရီးယား ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။