ခြေ/ဥပြင်ဖို့လုပ်နေတဲ့ NLD အမတ်တွေနေတဲ့နေရာအနီးမှာ ဗုံးတွေ့တာဟာ တိုက်ဆိုင်ခြင်းဖြစ်

0
192




ပြည်ထောင်စု လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀ဝ၈ ကို ပြင်ဆင်ဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက လုပ်ဆောင်နေပါတယ်။

ဒီအခြေအနေမှာ လုပ်ထုံး လုပ်နည်းနဲ့ မညီဘူးဆိုပြီး ခြေ/ဥ ပြင်ဆင်မှုကို တပ်မတော် သားကိုယ်စားလှယ်တွေကတော့ ကန့်ကွက်မှုတွေရှိနေတဲ့ အချိန်မှာ ခြေ/ဥ ကို ပြင်ဆင်ဖို့ ဦးဆောင်ကြိုးစားနေတဲ့ NLDပါတီရဲ့ ကိုယ်စားလှယ်တွေနေထိုင်တဲ့ အဆောင်တွေ ၊ ရုံးတွေအနီးမှာ ဗုံး လန့်မှုတွေ၊ ဗုံး တွေ့ရှိရမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဒီအခြေအနေတွေဟာ တိုက်ဆိုင်ခြင်းသာဖြစ်တယ်လို့ သေနင်္ဂမဟာ ဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။ အပြည့်အစုံကို MCN သတင်းဌာန ရဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။