ေျခာက္လအတြင္း လူကုန္ကူးခံရတဲ့ ျမန္မာႏိုင္ငံက လူ ၁ ေထာင္ေက်ာ္ကို ထိုင္းရဲ ကယ္တင္ခဲ့

0
48

အခုႏွစ္ ဇန္နဝါရီလကေန ဇြန္လအထိ ေျခာက္လတာ အတြင္း ဘဂၤါလီေတြ အပါအဝင္ လူကုန္ကူးခံရတဲ့ ျမန္မာႏိုင္ငံကလူ ၁ ေထာင္ေက်ာ္ကို ထိုင္းရဲက ကယ္တင္ခဲ့ၿပီး အမ်ားစုဟာ မေလးရွားကို သြားမယ့္သူေတြ ျဖစ္ေၾကာင္း ထိုင္းအာဏာပိုင္ေတြက ေျပာပါတယ္။  

ကေလးသူငယ္ ကာကြယ္ေရး၊ မိသားစုဆိုင္ရာႏွင့္ လူကုန္ကူးမႈေရးရာဌာန ညႊန္ၾကားေရးမွဴး ဗိုလ္ခ်ဳပ္ ဆူခ်တ္ သီရဆာဝပ္က ဒီေျခာက္လတာအတြင္းမွာ လူကုန္ကူးမႈနဲ႔ ပတ္သက္လို႔ သံသယရွိသူ ၁၅၁ ဦးကိုလည္း ဖမ္းဆီးခဲ့ေၾကာင္း ေျပာပါတယ္။ မႏွစ္က ကာလတူနဲ႔ ႏိႈင္းယွဥ္ရင္ လူကုန္ကူးမႈ ျမင့္တက္ေနေၾကာင္းနဲ႔ လူကုန္ကူးတဲ့ဂိုဏ္းေတြကိုလည္း ျပင္းျပင္းထန္ထန္ ႏွိမ္နင္းေနေၾကာင္း သူက ေျပာပါတယ္။ 

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း ေဆာင္ခလာျပည္နယ္၊ ကမ္ပြန္ သြန္ဆမ္ရွိ ရာဘာေတာထဲမွာ အမ်ိဳးသမီး ခုနစ္ဦးပါ လူကုန္ကူးခံရသူေတြကို ထိုင္းရဲက ကယ္ဆယ္ခဲ့ပါတယ္။ ကနဦး စစ္ေဆးခ်က္ေတြအရ အသက္ ၁၄ ႏွစ္ကေန အသက္ ၅၀ ၾကား ျမန္မာႏိုင္ငံသားေတြကို အုပ္စု ေျခာက္စုခြဲၿပီး မေလးရွားကို ပို႔ေဆာင္ေပးေနတယ္လို႔ သိရေၾကာင္း ထိုင္းရဲ ေျပာခြင့္ရွိသူက ေျပာပါတယ္။

ခြောက်လအတွင်း လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံက လူ ၁ ထောင်ကျော်ကို ထိုင်းရဲ ကယ်တင်ခဲ့


အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လတာ အတွင်း ဘင်္ဂါလီတွေ အပါအဝင် လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံကလူ ၁ ထောင်ကျော်ကို ထိုင်းရဲက ကယ်တင်ခဲ့ပြီး အများစုဟာ မလေးရှားကို သွားမယ့်သူတွေ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။


ကလေးသူငယ် ကာကွယ်ရေး၊ မိသားစုဆိုင်ရာနှင့် လူကုန်ကူးမှုရေးရာဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဆူချတ် သီရဆာဝပ်က ဒီခြောက်လတာအတွင်းမှာ လူကုန်ကူးမှုနဲ့ ပတ်သက်လို့ သံသယရှိသူ ၁၅၁ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ပြောပါတယ်။ မနှစ်က ကာလတူနဲ့ နှိုင်းယှဉ်ရင် လူကုန်ကူးမှု မြင့်တက်နေကြောင်းနဲ့ လူကုန်ကူးတဲ့ဂိုဏ်းတွေကိုလည်း ပြင်းပြင်းထန်ထန် နှိမ်နင်းနေကြောင်း သူက ပြောပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆောင်ခလာပြည်နယ်၊ ကမ်ပွန် သွန်ဆမ်ရှိ ရာဘာတောထဲမှာ အမျိုးသမီး ခုနစ်ဦးပါ လူကုန်ကူးခံရသူတွေကို ထိုင်းရဲက ကယ်ဆယ်ခဲ့ပါတယ်။ ကနဦး စစ်ဆေးချက်တွေအရ အသက် ၁၄ နှစ်ကနေ အသက် ၅၀ ကြား မြန်မာနိုင်ငံသားတွေကို အုပ်စု ခြောက်စုခွဲပြီး မလေးရှားကို ပို့ဆောင်ပေးနေတယ်လို့ သိရကြောင်း ထိုင်းရဲ ပြောခွင့်ရှိသူက ပြောပါတယ်။