ေအာင္လအန္ဆန္ရဲ႕ လိုက္ဟဲဗီး၀ိတ္တန္း ကမၻာ့ခ်န္ပီယံ ကာကြယ္ပဲ ဘရန္ဒန္ဗီရာနဲ႔ ထိုးသတ္မယ္

0
112

ONE Championship ရဲ႕ MMA ကစားသမား ေအာင္လအန္ဆန္ဟာ လိုက္ဟဲဗီး၀ိတ္တန္း ကမၻာ့ခ်န္ပီယံဆု ကာကြယ္ပြဲ အတြက္ ဖိလစ္ပိုင္ႏိုင္ငံသား ဘရန္ဒန္ဗီရာ နဲ႔ ထိုးသတ္သြားမွာျဖစ္ပါတယ္။

ONE Championship က ႀကီးမွဴးက်င္းပတဲ့ လိုက္ဟဲဗီး၀ိတ္တန္း ကမၻာ့ခ်န္ပီယံ ကာကြယ္ပြဲမွာ ပါ၀င္တဲ့ MMA ၿပိဳင္ပြဲကို ေအာက္တိုဘာလ ၁၃ ရက္ေန႔ ဂ်ပန္ႏိုင္ငံမွာ က်င္းပသြားမွာ ျဖစ္ၿပီး   Part-1 ႏွင့္ Part-2 ခြဲ က်င္းပသြားမွာပါ။ Part-1 မွာ ဖိုးေသာ္နဲ႔ ေတာင္ကိုရီးယားကစားသမား ယြန္ခ်န္မင္တို႔ ထိုးသတ္မွာျဖစ္ၿပီး ေအာင္လအန္ဆန္ ပြဲကိုေတာ့ Part-2 ၌ က်င္းပသြားမွာ ျဖစ္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံသား ဘရန္ဒန္ဗီရာဟာ  ဟဲဗီးဝိတ္တန္း ကမာၻ႔ ခ်န္ပီယံျဖစ္ၿပီး ကိုယ္အေလးခ်ိန္ေလွ်ာ့ခ် ယွဥ္ၿပိဳင္ထိုးသတ္ရမွာ ျဖစ္သလို ေအာင္လအန္ဆန္ကေတာ့ အခုပြဲအတြက္ ကိုယ္အေလးခ်ိန္ျမႇင့္ ယွဥ္ၿပိဳင္ထိုးသတ္မွာ ျဖစ္ပါတယ္။ ေအာင္လအန္ဆန္ဟာ မတ္လက ဂ်ပန္ႏိုင္ငံမွာ ေနာက္ဆုံး ထိုးသတ္ထားတာျဖစ္ၿပီး မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံကာကြယ္ပြဲမွာ ဂ်ပန္ႏိုင္ငံသား ဟာဆဲဂါဝါကို အလဲထိုးအႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

အောင်လအန်ဆန်ရဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပဲ ဘရန်ဒန်ဗီရာနဲ့ ထိုးသတ်မယ်


ONE Championship ရဲ့ MMA ကစားသမား အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ အတွက် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာ နဲ့ ထိုးသတ်သွားမှာဖြစ်ပါတယ်။


ONE Championship က ကြီးမှူးကျင်းပတဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲမှာ ပါဝင်တဲ့ MMA ပြိုင်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့ ဂျပန်နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပြီး Part-1 နှင့် Part-2 ခွဲ ကျင်းပသွားမှာပါ။ Part-1 မှာ ဖိုးသော်နဲ့ တောင်ကိုရီးယားကစားသမား ယွန်ချန်မင်တို့ ထိုးသတ်မှာဖြစ်ပြီး အောင်လအန်ဆန် ပွဲကိုတော့ Part-2 ၌ ကျင်းပသွားမှာ ဖြစ်ပါတယ်။


ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာဟာ ဟဲဗီးဝိတ်တန်း ကမ္ဘာ့ ချန်ပီယံဖြစ်ပြီး ကိုယ်အလေးချိန်လျှော့ချ ယှဉ်ပြိုင်ထိုးသတ်ရမှာ ဖြစ်သလို အောင်လအန်ဆန်ကတော့ အခုပွဲအတွက် ကိုယ်အလေးချိန်မြှင့် ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ မတ်လက ဂျပန်နိုင်ငံမှာ နောက်ဆုံး ထိုးသတ်ထားတာဖြစ်ပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲမှာ ဂျပန်နိုင်ငံသား ဟာဆဲဂါဝါကို အလဲထိုးအနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။