ေအာင္ရဲေထြး အသတ္ခံရမႈ ျပစ္မႈ က်ဴးလြန္သူ သံုးဦးကို ခ်ဳပ္ရက္ ရမန္ယူ

0
287

ဟာသ ဗီဒီယိုေတြနဲ႔ ေဖ့စ္ဘုတ္မွာ လူသိမ်ားခဲ့သူ ေအာင္ရဲေထြး (ခ) ရဲေထြးေအာင္ ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး ျပစ္မႈ က်ဴးလြန္သူ သန္းထြဋ္ေအာင္ (ခ) သားႀကီး၊ ေက်ာ္ေဇာဟန္ (ခ) ေက်ာ္ေဇာနဲ႔ ျပည့္ၿဖိဳးေအာင္ (ခ) ေအာင္ေလးတို႔ သံုးဦးကို ဒီေန႔ ဇန္နဝါရီ ၅ ရက္ ညေန ၄ နာရီမွာ သဃၤန္းကြ်န္းၿမိဳ႕နယ္ တရား႐ံုးမွာ ခ်ဳပ္ရက္ ရမန္ ယူခဲ့ပါတယ္။

ဇန္နဝါရီလ ၁ ရက္ေန႔က ေအာင္ရဲေထြး (၂၄ ႏွစ္) ဟာ ရည္းစားျဖစ္သူနဲ႔ ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြ်န္းၿမိဳ႕နယ္ရွိ The One Entertainment ဝင္းထဲမွာ က်င္းပတဲ့ ပါတီပြဲကို တက္ေရာက္စဥ္ ဝိုင္းဝန္းထိုးႀကိတ္ခံခဲ့ရလို႔ ဦးေခါင္းမွာ စိုးရိမ္ရတဲ့ ဒဏ္ရာ ရရွိခဲ့ပါတယ္။ ရန္ကုန္ ျပည္သူ႔ေဆး႐ံုႀကီးကို ပို႔ေဆာင္ထားစဥ္ ဇန္နဝါရီလ ၂ ရက္ေန႔မွာ ေအာင္ရဲေထြး ေသဆံုးခဲ့ပါတယ္။
…………………. ။ ။ …………………..

အောင်ရဲထွေး အသတ်ခံရမှု ပြစ်မှု ကျူးလွန်သူ သုံးဦးကို ချုပ်ရက် ရမန်ယူ

ဟာသ ဗီဒီယိုတွေနဲ့ ဖေ့စ်ဘုတ်မှာ လူသိများခဲ့သူ အောင်ရဲထွေး (ခ) ရဲထွေးအောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး ပြစ်မှု ကျူးလွန်သူ သန်းထွဋ်အောင် (ခ) သားကြီး၊ ကျော်ဇောဟန် (ခ) ကျော်ဇောနဲ့ ပြည့်ဖြိုးအောင် (ခ) အောင်လေးတို့ သုံးဦးကို ဒီနေ့ ဇန်နဝါရီ ၅ ရက် ညနေ ၄ နာရီမှာ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ချုပ်ရက် ရမန် ယူခဲ့ပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့က အောင်ရဲထွေး (၂၄ နှစ်) ဟာ ရည်းစားဖြစ်သူနဲ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ The One Entertainment ဝင်းထဲမှာ ကျင်းပတဲ့ ပါတီပွဲကို တက်ရောက်စဉ် ဝိုင်းဝန်းထိုးကြိတ်ခံခဲ့ရလို့ ဦးခေါင်းမှာ စိုးရိမ်ရတဲ့ ဒဏ်ရာ ရရှိခဲ့ပါတယ်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားစဉ် ဇန်နဝါရီလ ၂ ရက်နေ့မှာ အောင်ရဲထွေး သေဆုံးခဲ့ပါတယ်။