ေဟာမုဇ္ ေရလက္ၾကား ႏိုင္ငံတကာ ညြန္ေပါင္းအဖြဲ႔မွာ ၾသစေၾတးလ် ပါဝင္မယ္

0
59

ၾသစေၾတးလ်ႏိုင္ငံက ေရနံတင္သေဘၤာေတြကို အီရန္က ျပႆနာရွာေနတဲ့ ေဟာမုဇ္ေရလက္ၾကားမွာ အေမရိကန္ဦးေဆာင္တဲ့ ၫြန္႔ေပါင္းအဖြဲ႔မွာ ပူးေပါင္း ပါဝင္မယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ဒါေၾကာင့္ ၾသစေၾတးလ်ဟာ ၫြန္႔ေပါင္းအဖြဲ႔ထဲကို ဝင္မယ့္ တတိယေျမာက္ ႏိုင္ငံျဖစ္လာပါတယ္။ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ စေကာ့ ေမာရစ္ဆန္က ကုန္စည္စီးဆင္းမႈနဲ႔ ေရေၾကာင္းသြားလာမႈေတြမွာ လြတ္လပ္စြာ သြားလာႏိုင္ေရး အာမခံႏိုင္ဖို႔ ႏိုင္ငံတကာရဲ႕ ႀကိဳးပမ္းမႈကို ပူးေပါင္းေဆာင္႐ြက္ျခင္း ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေဟာမုဇ္ ေရလက္ၾကားဆီကို ေထာက္လွမ္းေရး ေလယာဥ္တစ္စင္းကို တစ္လေလာက္နဲ႔ အျမန္ေမာင္း ကင္းလွည့္ေရယာဥ္ တစ္စီးကို ေျခာက္လေလာက္ ေစလႊတ္မယ္လို႔ ၾသစေၾတးလ် အစိုးရက ေျပာပါတယ္။

ဟောမုဇ် ရေလက်ကြား နိုင်ငံတကာ ညွန်ပေါင်းအဖွဲ့မှာ သြစတြေးလျ ပါဝင်မယ်

သြစတြေးလျနိုင်ငံက ရေနံတင်သင်္ဘောတွေကို အီရန်က ပြဿနာရှာနေတဲ့ ဟောမုဇ်ရေလက်ကြားမှာ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်း ပါဝင်မယ်လို့ ပြောကြားလိုက်ပါတယ်။

ဒါကြောင့် သြစတြေးလျဟာ ညွန့်ပေါင်းအဖွဲ့ထဲကို ဝင်မယ့် တတိယမြောက် နိုင်ငံဖြစ်လာပါတယ်။ သြစတြေးလျ ဝန်ကြီးချုပ် စကော့ မောရစ်ဆန်က ကုန်စည်စီးဆင်းမှုနဲ့ ရေကြောင်းသွားလာမှုတွေမှာ လွတ်လပ်စွာ သွားလာနိုင်ရေး အာမခံနိုင်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုကို ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟောမုဇ် ရေလက်ကြားဆီကို ထောက်လှမ်းရေး လေယာဉ်တစ်စင်းကို တစ်လလောက်နဲ့ အမြန်မောင်း ကင်းလှည့်ရေယာဉ် တစ်စီးကို ခြောက်လလောက် စေလွှတ်မယ်လို့ သြစတြေးလျ အစိုးရက ပြောပါတယ်။