
0
133




ဟောင်ကောင် ရဲတွေက ဆန္ဒပြသူ ၁၉ ဦးကိုဖမ်းဆီး

အကြမ်းဖက် လုပ်ရပ်တွေမှာ ပါဝင်တယ်လို့ သံသယရှိတဲ့ ဆန္ဒပြသူ ၁၉ ဦးကို ထိန်းသိမ်းလိုက်တယ်လို့ ဟောင်ကောင်ရဲတွေက ဆိုပါတယ်။

ရာဇဝတ်သားတွေ တရုတ်ပြည်မကြီးကို လွှဲပြောင်းတာကိုခွင့်ပြုမယ့် ဥပဒေပြင်ဆင်မှု မူကြမ်းကို ထိန်းသိမ်းခံရသူတွေက ကန့်ကွက် ဆန္ဒပြခဲ့တာပါ။ရဲတပ်ဖွဲ့က သူတို့ဟာ ဆန္ဒပြသူတွေနဲ့ ပဋိပက္ခအတွင်း မျက်ရည်ယိုဗုံးပေါင်း ၁၅၀ကျော် သုံးခဲ့တယ်လို့ ဆိုပါတယ်။

ရာဇဝတ်သားလွှဲပြောင်းရေးဆိုင်ရာ ဥပဒေမူကြမ်းကို လူငယ်တွေ သန်းနဲ့ချီပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ဥပဒေပြုကောင်စီ အဆောက်အအုံ ရှိရာ လမ်းမနဲ့ ဝန်းကျင်မှာ ဆန္ဒပြခဲ့ပြီး ရဲတွေနဲ့ ပြဿနာ ဖြစ်ခဲ့ပါတယ်။