ေဟာင္ေကာင္ မတည္မၿငိမ္ျဖစ္ေအာင္ စြက္ဖက္ျခင္း မရွိေၾကာင္း ထိုင္ဝမ္ ေျပာ

0
30

ေဟာင္ေကာင္ေဒသ မတည္ၿငိမ္မႈျဖစ္ေအာင္ ၾကားဝင္စြက္ဖက္မႈ မရွိေၾကာင္း ထိုင္ဝမ္ တာဝန္ရွိသူေတြက ေျပာဆိုလိုက္ပါတယ္။ 

ေဟာင္ေကာင္မွာ သံုးလေက်ာ္ၾကာျဖစ္ေနတဲ့ ဆႏၵျပပြဲေတြမွာ ထိုင္ဝမ္နဲ႔ ဆက္ႏြယ္မႈ ရွိတယ္လို႔ စြပ္စြဲမႈေတြ ထြက္ေပၚလာၿပီးေနာက္ ထိုင္ဝမ္ဘက္က အခုလို တံု႔ျပန္လိုက္တာ ျဖစ္ပါတယ္။ ေဟာင္ေကာင္ မတည္ၿငိမ္မႈျဖစ္ရတာဟာ ဆႏၵျပသူေတြ ေတာင္းဆိုခ်က္ကို တ႐ုတ္အစိုးရက လက္ခံေဆြးေႏြးျခင္း မရွိတာေၾကာင့္ျဖစ္ေၾကာင္း ထိုင္ဝမ္ ျပည္ပေရးရာေကာင္စီက ေျပာပါတယ္။ 

ေစ့စပ္ေဆြးေႏြးမႈမရွိဘဲ ေဟာင္ေကာင္မွာ ျဖစ္ေနတဲ့ ျပႆနာေတြကို ေျဖရွင္းႏိုင္မွာ မဟုတ္ေၾကာင္း၊ တ႐ုတ္ ကြန္ျမဴနစ္ပါတီ အစိုးရအေနနဲ႔ ေဟာင္ေကာင္မွာ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈ၊ ဒီမိုကေရစီ ျဖစ္ထြန္းေအာင္ လုပ္ေဆာင္မႈနဲ႔ လူအခြင့္ေရး ေလးစားလိုက္မႈေတြ ျဖစ္ေအာင္ လုပ္ေဆာင္ေပးရမယ္လို႔ ထိုင္ဝမ္ ျပည္ပေရးရာ ေကာင္စီက ေျပာပါတယ္။

ဟောင်ကောင် မတည်မငြိမ်ဖြစ်အောင် စွက်ဖက်ခြင်း မရှိကြောင်း ထိုင်ဝမ် ပြော


ဟောင်ကောင်ဒေသ မတည်ငြိမ်မှုဖြစ်အောင် ကြားဝင်စွက်ဖက်မှု မရှိကြောင်း ထိုင်ဝမ် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။


ဟောင်ကောင်မှာ သုံးလကျော်ကြာဖြစ်နေတဲ့ ဆန္ဒပြပွဲတွေမှာ ထိုင်ဝမ်နဲ့ ဆက်နွယ်မှု ရှိတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပြီးနောက် ထိုင်ဝမ်ဘက်က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ဟောင်ကောင် မတည်ငြိမ်မှုဖြစ်ရတာဟာ ဆန္ဒပြသူတွေ တောင်းဆိုချက်ကို တရုတ်အစိုးရက လက်ခံဆွေးနွေးခြင်း မရှိတာကြောင့်ဖြစ်ကြောင်း ထိုင်ဝမ် ပြည်ပရေးရာကောင်စီက ပြောပါတယ်။


စေ့စပ်ဆွေးနွေးမှုမရှိဘဲ ဟောင်ကောင်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ အစိုးရအနေနဲ့ ဟောင်ကောင်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ ဖြစ်ထွန်းအောင် လုပ်ဆောင်မှုနဲ့ လူအခွင့်ရေး လေးစားလိုက်မှုတွေ ဖြစ်အောင် လုပ်ဆောင်ပေးရမယ်လို့ ထိုင်ဝမ် ပြည်ပရေးရာ ကောင်စီက ပြောပါတယ်။