ေဟာင္ေကာင္ တက္ၾကြလႈပ္ရွားသူ ေထာင္က ျပန္လြတ္၊ ဆႏၵျပပြဲမွာ ပါဝင္မယ္

0
90

ေဟာင္ေကာင္ ဒီမိုကေရစီအေရး ေထာက္ခံတဲ့ တက္ၾကြလႈပ္ရွားသူဂ်ဳရႊာ ဝန္းဟာ ဒီေန႔ ဇြန္လ ၁၇ ရက္ေန႔မွာ အက်ဥ္းေထာင္က ျပန္လြတ္လာၿပီးေနာက္ ဆႏၵျပပြဲမွာ ပူးေပါင္းကာ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴး ကယ္ရီ လမ္း ႏုတ္ထြက္ေပးေရး ေတာင္းဆိုလိုက္ပါတယ္။

၂၀၁၄ ခုႏွစ္၊ ထီးလႈပ္ရွားမႈမွာ ေခါင္းေဆာင္ျဖစ္ခဲ့သူ အသက္ ၂၂ ႏွစ္အရြယ္ ဂ်ိဳရႊာက အေျခခံလူ႔အခြင့္အေရးနဲ႔ လြတ္လပ္မႈ ျပန္ရတဲ့ေန႔အထိ ဆႏၵျပပြဲေတြ လုပ္ေဆာင္မယ္လို႔ ေျပာပါတယ္။ ဆႏၵျပမႈေၾကာင့္ ဂ်ိဳရႊာဟာ ေထာင္ဒဏ္ ႏွစ္လ ခ်မွတ္ခံရတာ ျဖစ္ပါတယ္။

ရာဇဝတ္သားကို လႊဲေျပာင္းေပးေရး ဥပေဒ ျပင္ဆင္မႈကို ေဟာင္ေကာင္မွာ ဆႏၵျပေနၾကၿပီး စည္း႐ံုးေဆာ္ၾသသူေတြက လူႏွစ္သန္းေလာက္ လမ္းေပၚထြက္ ဆႏၵျပခဲ့တယ္လို႔ ေျပာပါတယ္။ ေဟာင္ေကာင္ ဆႏၵျပပြဲဟာ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ၾကာအတြင္း တ႐ုတ္ပိုင္နက္ထဲမွာ အႀကီးမားဆံုး ဆႏၵျပပြဲ ျဖစ္ခဲ့ပါတယ္။

ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ထောင်က ပြန်လွတ်၊ ဆန္ဒပြပွဲမှာ ပါဝင်မယ်

ဟောင်ကောင် ဒီမိုကရေစီအရေး ထောက်ခံတဲ့ တက်ကြွလှုပ်ရှားသူဂျုရွှာ ဝန်းဟာ ဒီနေ့ ဇွန်လ ၁၇ ရက်နေ့မှာ အကျဉ်းထောင်က ပြန်လွတ်လာပြီးနောက် ဆန္ဒပြပွဲမှာ ပူးပေါင်းကာ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီ လမ်း နုတ်ထွက်ပေးရေး တောင်းဆိုလိုက်ပါတယ်။

၂၀၁၄ ခုနှစ်၊ ထီးလှုပ်ရှားမှုမှာ ခေါင်းဆောင်ဖြစ်ခဲ့သူ အသက် ၂၂ နှစ်အရွယ် ဂျိုရွှာက အခြေခံလူ့အခွင့်အရေးနဲ့ လွတ်လပ်မှု ပြန်ရတဲ့နေ့အထိ ဆန္ဒပြပွဲတွေ လုပ်ဆောင်မယ်လို့ ပြောပါတယ်။ ဆန္ဒပြမှုကြောင့် ဂျိုရွှာဟာ ထောင်ဒဏ် နှစ်လ ချမှတ်ခံရတာ ဖြစ်ပါတယ်။

ရာဇဝတ်သားကို လွှဲပြောင်းပေးရေး ဥပဒေ ပြင်ဆင်မှုကို ဟောင်ကောင်မှာ ဆန္ဒပြနေကြပြီး စည်းရုံးဆော်သြသူတွေက လူနှစ်သန်းလောက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့တယ်လို့ ပြောပါတယ်။ ဟောင်ကောင် ဆန္ဒပြပွဲဟာ ဆယ်စုနှစ် နှစ်ခုကျော်ကြာအတွင်း တရုတ်ပိုင်နက်ထဲမှာ အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။