
0
72




ဟောင်ကောင်ဆန္ဒပြအုပ်စုကို ရဲတပ်ဖွဲ့ အင်အားသုံး ဖြိုခွင်း


ဟောင်ကောင်မှာ ဆန္ဒပြနေသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးပြီးဖယ်ရှားတဲ့အပြင် မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ရပါတယ်။


ဆန္ဒပြနေသူတချို့ဟာ အကြမ်းဖက်မှုတွေကို လုပ်ဆောင်လာကာ မြေအောက်ရထား အဆောက်အအုံတွေကို ဖျက်ဆီးခဲ့ပြီး အစိုးရအဆောက်အအုံတွေကို အုတ်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပြီးတဲ့နောက် ဟောင်ကောင်ရဲတပ်ဖွဲ့က သူတို့ကို မျက်ရည်ယို ဗုံးတွေအသုံးပြုပြီး ဖြိုခွဲခဲ့တာပါ။


ဆန္ဒပြသူအုပ်စုတွေဟာ ရဲတပ်ဖွဲ့ရဲ့ခွင်ပြုချက်မရဘဲ ဆန္ဒပြမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေလည်း ဆိုင်းငံ့ထားရတယ်လို့ ဟောင်ကောင်အာဏာပိုင်တွေက ပြောပါ တယ်။ ဆန္ဒပြအုပ်စုတွေ က ဟောင်ကောင်ကို လွတ်လပ်စေလိုကြောင်း၊ ဟောင်ကောင်ကို တရုတ်နိုင်ငံဆီကနေ ပြန်ရယူလိုကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။