
0
69




ဟောင်ကောင် ဆန္ဒပြမှုအပေါ် တရုတ် စစ်ဘက် သည်းခံတော့မှာ မဟုတ်

ဟောင်ကောင် ဆန္ဒပြမှုတွေအပေါ် သည်းခံတော့မှာ မဟုတ်ဘူးလို့ တရုတ် စစ်တပ်က သတိပေးပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။

ဆန္ဒပြမှုတွေဟာ အများပြည်သူ လုံခြုံရေးအပေါ် ခြိမ်းခြောက်နေပြီး ဆက်လက်သည်းခံတောမှာ မဟုတ်ကြောင်း ဟောင်ကောင်ရှိ တရုတ် စစ်ဘက် အကြီးအကဲက ပြောပါတယ်။ ဟောင်ကောင် လုံခြုံရေး၊ တည်ငြိမ်ရေး၊ အချုပ်အခြာ အာဏာနဲ့ တခြားကိစ္စရပ်တွေအတွက် ကာကွယ်သွားတော့မှာ ဖြစ်ကြောင်း ဟောင်ကောင်ရှိ တရုတ် စစ်ဌာနချုပ် အကြီးအကဲက သတိပေးလိုက်ပါတယ်။

တရားဥပဒေ စိုးမိုးမှုဖြစ်အောင် ဆောင်ရွက်နေတဲ့ ဟောင်ကောင်ရဲတွေနဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီ လမ်းကို အားပေးထောက်ခံသွားမှာ ဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် တရုတ်စစ်ရုံး အကြီးအကဲက ပြောပါတယ်။