
0
44




ဟောင်ကောင် ဆန္ဒပြပွဲမှာ မပတ်သက်ဖို့ အမေရိကန်ကို တရုတ် သတိပေး

ဟောင်ကောင် ဆန္ဒပြပွဲတွေ နောက်ကွယ်မှာ အမေရိကန်နိုင်ငံက ပါဝင်မှု မလုပ်ဖို့ တရုတ်နိုင်ငံက သတိပေးလိုက်ပါတယ်။

ပိုင်နက်အတွင်း ဖြစ်နေတဲ့ ဆန္ဒပြပွဲမှာ နောက်ကွယ်က လက်မည်းကြီးတွေကို ဖယ်ရှားသွားမယ်လို့ တရုတ်က သတိပေးထားပါတယ်။ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ဟောင်ကောင် ဆန္ဒပြပွဲနောက်ကွယ်မှာ ပါဝင်နေတာကို တွေမြင်ထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူက စွပ်စွဲထားပါတယ်။

ရာဇဝတ်မှု ကျူးလွန်သူတွေကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးမယ့် ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဟောင်ကောင်မှာ သီတင်းပတ် ခုနစ်ပတ်ကြာ ဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲအတွင်း ဆန္ဒပြအုပ်စုတွေကို မျက်နှာဖုံးစွပ် လူအုပ်စုက တုတ်တွေနဲ့ ဝင်ရိုက်တိုက်ခိုက်ခဲ့ပါတယ်။