ေဟာင္ေကာင္ဘူတာ႐ံုကို ဆႏၵျပအုပ္စုေတြ တုိက္ခုိက္

0
41

ေဟာင္ေကာင္ ဆႏၵျပအုပ္စုေတြဟာ မေန႔ စက္တင္ဘာလ ၁ ရက္ေန႔ ညေနပိုင္းက တန္ခြ်န္ MTR ဘူတာ႐ံုကို ပိတ္ဆုိ႔ဆႏၵျပခဲ့ၿပီး မီး႐ိႈ႕ဖ်က္ဆီးဖုိ႔ ႀကိဳးပမ္းခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ 

ေဟာင္ေကာင္မီးသတ္ တပ္ဖြဲ႔ဟာ မီးရထားဘူတာ႐ံုအတြင္း မီးေလာင္ေနမႈကို ၿငွိမ္းသတ္ႏိုင္ဖုိ႔ ႀကိဳးစားခဲ့ရပါတယ္။ ဆႏၵျပအုပ္စုေတြဟာ စီစီတီဗီ ေစာင့္ၾကည့္ ကင္မရာေတြနဲ႔ တျခားပစၥည္းေတြကို သံတုတ္ေတြနဲ႔ ႐ိုက္ႏွက္ဖ်က္ဆီးခဲ့ၿပီး ဆႏၵျပသူအမ်ားအျပားကို ရဲေတြက ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ 

ေဟာင္ေကာင္ ဆႏၵျပအဖြဲ႔ေတြဟာ မီးရထားဘူတာ႐ံုကို ဖ်က္ဆီးခဲ့တယ္လို႔ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးအဖြဲ႔ ၀က္ဘ္ဆိုက္ကေန သတင္းထုတ္ျပန္ထားပါတယ္။ ေဟာင္ေကာင္ ဆႏၵျပမႈေတြ သံုးလေက်ာ္ၾကာ ျဖစ္ေပၚေနၿပီး ဆႏၵျပပြဲေတြအေပၚ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြက သတိေပးထားပါတယ္။

ဟောင်ကောင်ဘူတာရုံကို ဆန္ဒပြအုပ်စုတွေ တိုက်ခိုက်

ဟောင်ကောင် ဆန္ဒပြအုပ်စုတွေဟာ မနေ့ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက တန်ချွန် MTR ဘူတာရုံကို ပိတ်ဆို့ဆန္ဒပြခဲ့ပြီး မီးရှို့ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဟောင်ကောင်မီးသတ် တပ်ဖွဲ့ဟာ မီးရထားဘူတာရုံအတွင်း မီးလောင်နေမှုကို ငြှိမ်းသတ်နိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဆန္ဒပြအုပ်စုတွေဟာ စီစီတီဗီ စောင့်ကြည့် ကင်မရာတွေနဲ့ တခြားပစ္စည်းတွေကို သံတုတ်တွေနဲ့ ရိုက်နှက်ဖျက်ဆီးခဲ့ပြီး ဆန္ဒပြသူအများအပြားကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဟောင်ကောင် ဆန္ဒပြအဖွဲ့တွေဟာ မီးရထားဘူတာရုံကို ဖျက်ဆီးခဲ့တယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးအဖွဲ့ ဝက်ဘ်ဆိုက်ကနေ သတင်းထုတ်ပြန်ထားပါတယ်။ ဟောင်ကောင် ဆန္ဒပြမှုတွေ သုံးလကျော်ကြာ ဖြစ်ပေါ်နေပြီး ဆန္ဒပြပွဲတွေအပေါ် ဟောင်ကောင် အုပ်ချုပ်ရေးအာဏာပိုင်တွေက သတိပေးထားပါတယ်။